Main menu

Background

စစ်ကိုင်းတိုင်းမှာ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် စားဖိုဆောင်သုံး သီးနံှစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းအောင်မြင်စွာ ဖွဲ့စည်းပြီး

Fri, 01/29/2010 - 07:38 -- Anonymous (not verified)

   စစ်ကိုင်းတိုင်း မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်းရောင်းဝယ်ရေး တိုင်း မန်နေဂျာရုံး အစည်းအဝေးခန်းမမှာ ၁၈-၁-၂ဝ၁ဝ နေ့တွင် တိုင်းကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် စားဖိုဆောင်သုံးသီးနံှစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းကို ဖွဲ့စည်းခဲ့ကြောင်း သတင်းရရှိသည်။    အဆိုပါ ဖွဲ့စည်းတာဝန်ပေးအပ်သည့်ပွဲသို့ မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်းရောင်းဝယ်ရေးမှ တာဝန်ရှိသူများ မြန်မာနိုင်ငံ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် စားဖိုဆောင်သုံးသီးနံှ စိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း မှ ဗဟိုအလုပ်အမှုဆောင် များ၊ တိုင်း အဆင့်ဌာနဆိုင်ရာများ၊ စစ်ကိုင်းတိုင်း ကုန်သည် အသင်းအဖွဲ့များနှင့် မုံရွာကုန်စည်ဒိုင်မှ တာဝန်ရှိသူများ၊ ရွှေဘို (ဝက်လက်)၊ ရေဦး၊ ခင်ဦး၊ မုံရွာ၊ မြင်းမူ မြို့နယ်များမှ စုစုပေါင်း ၃၁ ဦး  တက်ရောက်ခဲ့ကြပါတယ်။