Main menu

Background

စစ်တွေကနေ တစ်ဖက်နိုင်ငံကို ရေချိုငါး အများဆုံးပို့

Sat, 06/27/2009 - 20:00 -- cjadmin

ရခိုင်ပြည်နယ်ရဲ့ မြို့တော်ဖြစ်တဲ့ စစ်တွေမြို့က တစ်ဆင့် တစ်ဘက်နိုင်ငံ ဘင်္ဂလားဒေ့ရှ်ကို မြန်မာပို့ကုန် ကုန်စည်များ ပုံမှန်စီးဆင်းလျက်ရှိပါတယ်။ အထူးသဖြင့် ရေချိုငါး၊ချင်း နနွင်းတက်၊ ဆီးသီးခြောက်၊ ဆီးဖတ်၊ မန်ကျည်းသီး၊ မန်ကျည်းစေ့များ ဖြစ်ကြပြီး ပမာဏအများဆုံး ပို့ကုန်တွေကတော့ ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းတို့က ငါးမွေးကန်တွေက ရေချိုငါးများဖြစ်ပါတယ်။ ချင်းအစိုကတော့ ရှမ်းပြည်နယ်၊ အောင်ပန်းမြို့ကလာတာပါ။