Main menu

Background

စာရင်းကိုင်များရဲ့လစာနှုန်းများ မြင့်တက်

Thu, 07/02/2009 - 18:36 -- cjadmin

စာရင်းကိုင်များနဲ့ စာရင်းစစ်များ ရဲ့ လစာများဟာ ယခုနှစ် အတွင်းမှာ ၃၀ ရာခိုင်နှုန်းအထိ မြင့်တက်လာနိုင် စရာရှိပါတယ်။ ဒါပေမယ့် လုပ်ငန်းတွင်း စာရင်းစစ်လို ထိပ်တန်းရာထူးများကို ရရှိထားဖို့တော့လိုအပ်ပါတယ်။ အရည်အချင်းပြည့်ဝတဲ့ ပညာရှင်တွေ လိုအပ်ချက်မြင့်မားလာတာကြောင့် လစာတွေမြင့်တက်လာစရာရှိ တယ်လို့ လုပ်သားစုဆောင်းရေး အတိုင် ပင်ခံရောဘတ်ဟတ်က ပြောကြားပါတယ်။ ၂၀၀၉/၁၀ ခုနှစ် နှစ်အလိုက် လစာလမ်းညွှန်မှာ အမေရိကန်ပြည်ထောင်စုနဲ့ ဟောင်ကောင် အပါအဝင် နိုင်ငံပေါင်း ၂၁ နိုင်ငံရှိ အဓိကကျတဲ့ စာရင်းကိုင်နဲ့ ဘဏ္ဍာရေးဆိုင်ရာ ရာထူး အမျိုးအစား ၁၆ ခုရဲ့ လစာများကိုလေ့လာပြီး တွက်ချက်ခန့်မှန်းထားပါတယ်။ တေ့ွရှိချက်အရ ယခုနှစ်အတွင်း ပျမ်းမျှ လစာအနေအထားက ယခင်နှစ် ကအတိုင်း ဆက်လက်တည်ရှိနေဦးမှာ ဖြစ်ပါတယ်။ လုပ်သက်ငါးနှစ်အတွေ့အကြုံရှိတဲ့ ဌာနတွင်း စာရင်းစစ်များက တစ်နှစ်ကို လစာဒေါ်လာ ၁၁၀၀၀၀ ထိရရှိ နိုင်ပါတယ်။ လုပ်ငန်းအတွေ့အကြုံ ၅ နှစ်ရှိတဲ့ လက်ထောက်စာရင်းကိုင်များရဲ့ လစာ ဟာ ယခင်နှစ်ကလစာဒေါ်လာ ၃၀၀၀၀ ရှိနေခဲ့ရာမှ ဒေါ်လာ ၄၅၀၀၀ အထိ တိုးတက်လာနိုင်ပါတယ်။ ဘဏ္ဍာရေးနဲ့ စာရင်းကိုင်ရာထူးများကို ဖြည့်စွက်ခန့်ထားဖို့ အတွက် အခက်အခဲတွေ့နေရကြောင်း စင်ကာပူ ရှိ ကုမ္ပဏီ ၁၀ ခုအနက် ခုနှစ်ခုက ပြောကြားပါတယ်။ “စီးပွားရေးကျဆင်းနေတဲ့ကာလမျိုးမှာတောင် ကုမ္ပဏီရဲ့စီမံအုပ်ချုပ်မှုကို ပုံမှန်ဖြစ်အောင်ဆောင်ရွက်နိုင်မယ့် လူတွေရဖို့ ကုမ္ပဏီတွေကလိုအပ်နေဦး မှာဖြစ်ပါတယ်” လို့ စင်ကာပူစာရင်းကိုင် အဖွဲ့ဥက္ကဌ အန်းနက်တန်က ပြောကြားပါတယ်။