Main menu

Background

စားအုန်းဆီ လက်လီ၊ လက်ကားဈေးငြိမ်နေ

Tue, 02/02/2010 - 03:26 -- Anonymous (not verified)

    ပြည်တွင်းစားအုန်းဆီလက်လီလက်ကားဈေးဆက်လက်ငြိမ်နေပြီးဆီကိုယ်စားလှယ်ကြီးများရဲ့အရောင်းဆိုင်မှာလည်းဈေးအပြောင်း အလဲမရှိကြောင်း ဈေးကွက်အတွင်းမှ သိရပါတယ်။    ညောင်ပင်လေးဈေးမှ ဆီကုန်သည်တစ်ဦးက ''စားအုန်းဆီဈေး ငြိမ်နေတာ နှစ်ပတ်လောက်ရှိပြီး၊ အပြောင်းအလဲရှိလည်း တစ် ဆယ်၊ နှစ်ဆယ်ဘဲ၊ ဝယ်လိုအားကလည်း ပုံမှန် ပဲရှိတယ်။ အဝယ်များမှ ဈေးတက်တာ၊ အခုတစ်လော သင်္ဘောအဝင်ကလည်း ပုံမှန်ရှိ နေတယ်။ FOB ဈေးကလဲ တဖြည်းဖြည်းကျနေသလို CIF က ကျလာတယ်''လို့ ပြောပါတယ်။     ဘုရင့်နောင်နဲ့ ညောင်ပင် လေးဈေး ဈေးကွက်မှာ လက်ကားဈေး တစ်ပိဿာ ၁၈၃ဝ ကျပ်ခန့်ရှိနေပြီး အကြော်သမားများ၊ မုန့်သမား များက ဝယ်ယူမှုများကြောင်း စားအုန်းဆီ အရောင်းဆိုင်များက ပြောပါတယ်။     လက်လီဈေးကွက်မှာ စား အုန်းဆီ တစ်ပိဿာ ၁၉၅ဝ ကျပ်မှ ၂ဝဝဝ ကျပ်ဈေးအထိ အမျိုးမျိုးရောင်းချနေကြောင်း သိရပါတယ်။                                                                                                                                       လွင်လွင်မိုး