Main menu

Background

စိန်ထုတ်လုပ်မှု နှစ်ဆတိုးနိုင်

Wed, 01/27/2010 - 09:45 -- Anonymous (not verified)

    ကမ္ဘာ့စိန်ဈေးကွက်အတွက် စိန်ထုတ်လုပ်မှုက လာမဲ့ ၂ဝ၂ဝ မှာ နှစ်ဆဖြစ်စေနိုင်ပါတယ်။ အမေရိကန်ရဲ့ စီးပွားရေးပြန်လည်ဦးမော့လာခြင်း၊ တရုတ်နဲ့ အိန္ဒိယတွေရဲ့ ဝယ်လိုအားတွေ တိုး တက်လာခြင်း စတဲ့တွက်ဆမှုတွေကြောင့် ထုတ်လုပ်မှုပိုမိုလာခဲ့တာဖြစ်ပါတယ်။ကမ္ဘာ့စိန်ဈေးကွက်ဝယ်လိုအားရဲ့ ၁ဝ ရာခိုင်နှုန်းက တရုတ်နိုင်ငံရဲ့ ဝယ်လိုအားဖြစ်ပြီး အိန္ဒိယ ဘက်မှလည်း လာမဲ့ ၂ဝ၁၅ မှာဝယ်အားတက်လာမယ်လို့ လက်လီဝယ်သူများရဲ့ ကာလရှည် စာချုပ်များအပေါ် အခြေခံပြီး ဒီလိုသုံးသပ်လာကြပါတယ်။    လက်ရှိကမ္ဘာ့စိန်ထုတ်လုပ်မှုက ကာရက် ၁၆၃ သန်းနဲ့ တန်ဖိုးကန် ဒေါ်လာ ၁၂ ဒသမ ၇ ဘီလီယံခန့် ထုတ်လုပ်ခဲ့ကြောင်း လေ့လာချက်များအရ သိရှိရပါတယ်။ ''စိန်ဈေးနှုန်းက ကာလ ရှည်အနေနဲ့ပြောရင် တည်ငြိမ်မှာပါ။ စီးပွားရေးအင်အားတွေ ကြီးလာမှုနဲ့ အလယ်လတ်စားများရဲ့ ဝင်ငွေကပိုလာတာမို့ ဒီလိုထုတ်လုပ်မှုတိုးမြင့်ဖို့ လိုလာပါတယ်။ တစ်ဖက်ကလည်း ဇင်ဘာဘွေ နိုင်ငံရဲ့ စိန်တင်ပို့မှုအခြေအနေကို ဥရောပစိန်ဈေးကွက်က မော်နီတာလုပ်နေတာကို ၎င်းတို့က ကန့်ကွက်မှုရှိခဲ့ပါတယ်။ ဒါကြောင့် ဈေးကွက်မှာ လိုအပ်ချက်ရှိလို့ ထုတ်လုပ်မှုတိုးလာမယ်'' လို့ နယူးယောက်အခြေစိုက် ကမ္ဘာ့စိန်ကောင်စီက ပြောပါတယ်။ WWN