Main menu

Background

စိုက်ပျိုးရေးအခြေခံစားသောက်ကုန်အသင်းက ကိုယ်ပိုင်ဓာတ်ခွဲခန်းထူထောင် စမ်းသပ်တော့မည်

Thu, 01/14/2010 - 08:42 -- Anonymous (not verified)

   မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး နဲ့ မြန်မာနိုင်ငံစိုက်ပျိုးရေးအခြေခံ စားသောက်ကုန်အသင်းတို့အကြား  အထောက်အပံ့ပေးရေး သဘောတူညီမှု အစီအစဉ်အရ တည်ဆောက်မယ့် ဓာတ်ခွဲခန်းအတွက် ပထမအဆင့်အနေနဲ့ ဓာတ်ခွဲခန်းသုံးပစ္စည်းများဝယ်ယူရန် သဘောတူညီချက်စာချုပ်ကို ၂၂.၁၂.၂ဝဝ၉ နေ့မှာ လက်မှတ်ရေးထိုးခဲ့ကြောင်း အဆိုပါ အသင်းမှ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။   အဆိုပါဓာတ်ခွဲခန်းတွင် ဓာတ်ခွဲကျွမ်းကျင်ဝန်ထမ်းများခန့်ထားပြီး ဓာတ်ခွဲခန်းကို လာမယ့်နှစ်ဦးပိုင်းမှာ ဖွင့်လှစ်နိုင်ရန် စီစဉ်နေ တယ်လို့အဆိုပါ ပုဂ္ဂိုလ်ကပဲ ထပ်မံပြောကြားပါတယ်။