Main menu

Background

ဆစ်ဒနီအိုးပင်းတင်းနစ်ပြိုင်ပွဲမှ ဟေနင် ထွက်ရပြီ

Wed, 01/20/2010 - 07:32 -- Anonymous (not verified)

   ပြီးခဲ့တဲ့ဇန်နဝါရီလ ၉ ရက်နေ့က  ယှဉ်ပြိုင်ကစားခဲ့တဲ့ ဘရစ်ဘိန်းအပြည်ပြည်ဆိုင်ရာတင်းနစ်ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲမှာ ဘယ်လ်ဂျီယံ သူနှစ်ဦးဖြစ်တဲ့ ကင်ကလိုက်စတားနဲ့ ဂျပ်စတင်းဟေနင်တို့ တစ်ကျော့ပြန်ဆုံတွေ့ခဲ့ပါတယ်။ အဲဒီပြိုင်ပွဲမှာ ကင်ကလိုက်စတားက ဟေနင်ကို ၆-၃၊ ၄-၆၊ ၇-၆ (၈-၆) နဲ့ အနိုင်ရဗိုလ်စွဲခဲ့ပါတယ်။    ဘရစ်ဘိန်းတင်းနစ်ပြိုင်ပွဲမှာ ဒုတိယဆုနဲ့သာကျေနပ်ခဲ့ရတဲ့ ဟေနင်ဟာ ကြွက်သားဒဏ်ရာရရှိခဲ့တဲ့အတွက် လာမယ့် ဇန်နဝါရီလ ၁၈ ရက်နေ့မှာ စတင်ကျင်းပမယ့် သြစီအိုးပင်းတင်းနစ် ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခြင်းမပြုနိုင်တော့ကြောင်း ကြေညာခဲ့ပါတယ်။ အခုပြိုင်ပွဲမှာ ကင်းကလိုက်စတားနဲ့ ဟေနင်တို့ဟာ ၂ နာရီ ၂၃ မိနစ်ကြာ ယှဉ်ပြိုင်ခဲ့ရတာဖြစ်ပါတယ်။ အဲဒီပွဲမှာဒဏ်ရာရခဲ့တဲ့အတွက် ''ကျွန်မဆစ်ဒနီမှာ ယှဉ်ပြိုင်ရမယ့် သြစီ  အိုးပင်းတင်းနစ်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်နိုင်မှာ မဟုတ် တော့ပါဘူး။ အဲဒီ အတွက် တကယ်ပဲစိတ်ပျက်မိပါတယ်။ ဆစ်ဒနီမှာ ကျွန်မအကြိမ်တော်တော် များများကစားခဲ့ဖူးပါတယ်။ တကယ့်ကို ပျော်စရာကောင်းပြီး ကစားလို့ကောင်းတဲ့ နေရာလေးတစ်ခုပါ'' လို့ ဖွင့်ဟခဲ့ပါတယ်။