Main menu

Background

ဆန်စက်လုပ်ငန်း ဖွံံ့ဖြိုးတိုးတက်ရေးအတွက် BUHLER ကုမ္ပဏီမှ မြန်မာနိုင်ငံတွင် အခြေစိုက်ရုံးဖွင့်လှစ်ရန်စီစဉ်နေ

Thu, 01/14/2010 - 09:30 -- Anonymous (not verified)

   ဂျာမဏီနိုင်ငံအခြေစိုက် ခေတ်မီ ဆန်စက်ပစ္စည်းများထုတ်လုပ်သော BUHLERကုမ္ပဏီမှ အာဆီယံအဖွဲ့ဝင် နိုင်ငံနှစ်နိုင်ငံဖြစ်သော မြန်မာနိုင်ငံနဲ့ ကမ္ဘောဒီးယားနိုင်ငံတို့ဟာ ဆန်စပါး လုပ်ငန်းနဲ့ပတ်သက်ပြီး လာမည့်နှစ် အနည်းငယ်အတွင်း အလားအလာ အကောင်းဆုံးနိုင်ငံများဖြစ်လာမည်ဟု သုံးသပ်ကာ အာဆီယံဒေသတွင်း BUHLERကုမ္ပဏီ၏ အခြေစိုက်ရုံးခန်း အား မြန်မာနိုင်ငံ တွင်လာရောက်ဖွင့် လှစ်ရန်စီစဉ်လျက်ရှိကြောင်းမြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြား ကြောင်း သိရပါတယ်။   BUHLER ကုမ္ပဏီမှ မြန်မာနိုင်ငံ တွင်အခြေစိုက်ရုံးခန်းဖွင့်လှစ်ပါက မြန်မာနိုင်ငံ၏ဆန်စက်များတွင် ခေတ်မီဆန်စက်ယူနစ်များ တပ်ဆင်လာနိုင်ခြင်းနှင့် ဆန်စက်များအားဆန်ကြိတ်ခွဲရေးအတွက် နည်းပညာများ ပိုမိုလုပ်ဆောင်ပေးနိုင်မှာဖြစ်လို့ ကမ္ဘာ့ ရောင်းတန်းဝင်ဆန်များ ကြိတ်ခွဲပြီး မြန်မာ့ဆန်အရည်အသွေး မြင့်မားလာမယ့် အကျိုးကျေးဇူးများ ရရှိခံစားနိုင်မယ်လို့ အဆိုပါ အသင်းမှတာဝန်ရှိသူက ကောမတ်စ်သို့ပြောကြားပါတယ်။