Main menu

Background

ဆန်ဒါးလန်းနည်းပြ စတိဗ်ဘရုစ်အား စွဲချက်တင်

Sat, 01/16/2010 - 11:56 -- Anonymous (not verified)

   ဆန်ဒါးလန်းအသင်းရဲ့နည်းပြဖြစ်တဲ့ စတိဗ်ဘရုစ်ဟာ မန်စီတီးအသင်းကို  ၄ - ၃ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ဒိုင်လူကြီးကို အပြစ်တင် ဝေဖန်ခဲ့တဲ့အတွက် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ရဲ့ စွဲချက်တင်ခြင်းကိုခံခဲ့ရပါတယ်။ အဲဒီပွဲမှာ မန်စီတီးအသင်းဟာ ပယ်နယ်တီ (၁)လုံးရရှိခဲ့ခြင်း၊ ဆန်ဒါးလန်းနောက်ခံလူ မိုက်ကယ်တာနာအနီကတ်ဖြင့် အထုတ်ခံခဲ့ရခြင်းတို့ကြောင့် ဆန်ဒါးလန်းအသင်းရှုံးခဲ့ရ တာ ဖြစ်တယ်လို့ ယူဆခဲ့တဲ့အတွက် မကျေမနပ်ဖြစ်ခဲ့တဲ့စတိဗ်ဘရုစ်ဟာ ဒေါသတွေပေါက်ကွဲခဲ့ပါတယ်။ ပွဲအပြီး မီဒီယာများနဲ့တွေ့ဆုံ ခဲ့ရာမှာ ''ဒိုင်လူကြီးတွေရဲ့ဆုံးဖြတ်ချက်တွေဟာ ရယ်စရာ ကောင်းလှပါတယ်''လို့ပြောကြားခဲ့တဲ့အတွက် FA သို့ဖြေရှင်းချက်ပေးရ မှာဖြစ်ပါတယ်။   FA မှ စစ်ဆေးပြီး အပြစ်ရှိ ကြောင်းတွေ့ရှိရပါက ပွဲကြီးကြပ်ခွင့်ပိတ်ပင်ခြင်းခံရမှာဖြစ်ပါတယ်။