Main menu

Background

ဆန်များတရားမဝင်ထွက်ရှိနေမှုများအား မြန်မာ-တရုတ်နယ်စပ်တွင် တာဝန်ရှိသူများအဖွဲ့ ကြပ်မတ်စစ်ဆေးအရေးယူလျက်ရှိ

Thu, 01/21/2010 - 05:43 -- Anonymous (not verified)

      ဗန်းမော်-လွယ်ဂျယ်ကားလမ်းပိုင်း စိန်လုံမရောက်မီ မိုင်(၂ဝ)ခန့်အကွာ လော့ဒန်ရွာအနီးမှာ တရားမဝင်ဆန်မှောင်ခိုသယ် ဆောင်သည်ဟု ယူဆရသော ဆန်ကားများအား ဒေသအာဏာပိုင်၊ စစ်ဗျူဟာ၊ ခယက၊ မယက၊ နကသဦးဆောင် One Stop Services အဖွဲ့တို့က ကြပ်မတ်စစ်ဆေးတားမြစ်အရေးယူဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိပါသည်။  မြန်မာ-တရုတ်နယ်စပ်တွင် ဗန်းမော်-လိုင်ဇာလမ်း၊ ဗန်းမော်-မန်စီ-ဂိုက်ထိပ်-နမ့်ခမ်းလမ်း၊ ဗန်းမော်-လွယ်ဂျယ်ကားလမ်းများမှ တစ်ဆင့် တစ်ဖက်နိုင်ငံသို့ ကျွန်းသစ်၊ ဆန်စပါး၊ ကျောက်မျက်များ တရားမဝင်သယ်ဆောင်လျက်ရှိသည့်အတွက်လည်း ဌာနစုံ ပါဝင်သော စစ်ဆေးရေးအဖွဲ့များမှ စစ်ဆေးတားမြစ်အရေးယူလျက်ရှိကြောင်း သတင်းရရှိသည်။Sources: MIRT (DOBT)