Main menu

Background

ဆယ်နှစ် . . . ဆယ်နှစ်လို့ဆိုတဲ့ LG

Wed, 01/27/2010 - 10:52 -- Anonymous (not verified)

    LG ကထုတ်တဲ့အဝတ်လျှော် စက် အသစ်ပါ။ မော်တာအာမခံချက် ၁ဝ နှစ်ပေးထားပြီး Inverter Direct Drive(Idd) စနစ်ကို အသုံးပြုထားတာ မို့ စိတ်ဝင်စားစရာကောင်းပါတယ်။ Idd ဆိုတာ မော်တာနဲ့ ဒရမ်ကို ပူလီ ကြိုးတွေမသုံးဘဲ တိုက်ရိုက်ချိတ်ဆက်ပြီး လည်ပတ်စေတာပါ။ ဒီတော့ Mechanics သဘောတရားအရ စက်ရဲ့အမြန် နှုန်း (speed) ကို အမြင့်ဆုံးရောက်စေပါ တယ်။ ဒီတော့ လျှပ်စစ်စွမ်းအင်ကို ချွေ တာရာ ရောက်တာပေါ့။ Smart Screen နဲ့ အာရုံခံထောက်လှမ်းပြီး လျှော်ဖွပ်မှု ပုံစံကိုထိန်းကွပ်ပေးတာမို့ ရေနဲ့အချိန်ကို လည်း သက်သာစေပါတယ်။ စီးပွားရေး အရတွက်ခြေကိုက်ပါတယ်။ စက်ရဲ့တုန် ခါမှုကို ထိန်းသိမ်းပေးတဲ့ shock absorbing barrier ၃ခု တပ်ဆင်ထားတာမို့ အသံဆူညံမှုကိုလည်း လျှော့ချပေးနိုင် ပါတယ်။    လျှော်ဖွပ်မှုပုံစံ ၁၃ မိုျးနဲ့ အဓိကလုပ်ဆောင်ချက် ၄မိုျး၊ ရေ အပူချိန် ၅ မိုျးရွေးချယ်နိုင်တာကလည်း လိုအပ်ချက်နဲ့အကိုက် ညီဆုံးဖြစ် အောင် လျှော်ဖွပ်ခွင့် ရစေပါတယ်။ ပြီးတော့ Health + care လို့ ဆိုနိုင်တဲ့ (Bio care, Baby care, Boiling care) စနစ် တွေကြောင့် မိသားစုကျန်းမာရေးအတွက် စိတ်ချရတဲ့ LG အဝတ်လျှော်စက် P1222QD5(7kg) တစ်လုံးကို ကျပ် ၅၅၉ဝဝဝ နဲ့ ဆူးလေဘုရားလမ်း မပေါ် က LG Digital Plaza မှာ ရရှိနိုင်ပါတယ်။