Main menu

Background

ဆောင်းနေကြာ နှစ်တိုင်းထက် အသီးအောင်

Mon, 01/18/2010 - 08:24 -- Anonymous (not verified)

        မုံရွာနယ်အတွင်းရှိ ဘုတလင်၊ ကနီ၊ ယင်းမာပင်၊ ပုလဲ၊ ဆားလင်းကြီးဒေသများမှ စက်တင်ဘာလကစိုက်ခဲ့တဲ့ ဆောင်း နေကြာများလှိုင်လှိုင်ပေါ်နေပြီး အရောင်းအဝယ်ဖြစ်နေပါတယ်။ ယမန်နှစ်ကထက် စိုက်ဧကများပေမယ့် နောက်မိုးမသိမ်းလို့ အထွက်အနည်းငယ်လျော့ခဲ့ပါတယ်။ နေကြာအပွင့်သေးလို့ အထွက်နှုန်း အနည်းငယ်လျော့ခဲ့ပေမယ့် နှစ်တိုင်းထက် အအောင်ပိုတဲ့ အတွက် ဆီစက်သမားများ အကြိုက်ဖြစ်တယ်လို့ဆိုပါတယ်။ ဆောင်းနေကြာရဲ့ရာသီအဖွင့်ဈေးက တစ်တင်း ၈ဝဝဝ ကျပ်ဖြစ်ပြီး အရည်အသွေးပေါ်မူတည်ကာ ဈေးပေးကာရောင်းဝယ်နေကြပြီ။ ဒေသတွင်း တောပွဲစားများက ကော်မရှင်စားနဲ့ဝယ်ယူကာ မြို့ပေါ်ရှိ ဆီစက်များကို တိုက်ရိုက်တင်ပို့ပါတယ်။ ဒေသတွင်းဆီစက်များမှလည်း တောပွဲစားနဲ့ အပြိုင်ဈေးပေးကာ ကုန်ကြမ်းအဖြစ် အလုံးအရင်းနဲ့ဝယ်ယူနေတယ်လို့သိရပါတယ်။ ဒီနှစ်ဆောင်းနေကြာ အစေ့ သေးပြီး အအောင်ပိုတဲ့အတွက် နေကြာတစ်တင်း ဆီ သုံးပိဿာနဲ့ နေကြာဖတ်ခြောက်ပိဿာခန့်ထွက်ရှိတယ်လို့ဆိုပါတယ်။  နေကြာဆီကို သီးသန့်အနေနဲ့ စားသုံးခြင်းမရှိပေမယ့် ရောစပ်ဆီအဖြစ် အသုံးပြုကြပြီး၊ နေကြာဖတ်ကို တိရစ္ဆာန်အစာနဲ့ မြေသြဇာအဖြစ်အသုံးများပါတယ်။