Main menu

Background

ဈေးကောင်းနေတဲ့ ရှမ်းပန်းနှမ်း

Wed, 01/13/2010 - 09:38 -- Anonymous (not verified)

     

    ယခုအချိန်ဟာ ဆောင်းသီးနံှ ပန်းနှမ်းထွက်ပေါ်ချိန်ဖြစ်တဲ့အတွက် ရှမ်းပြည်နယ်တောင်ပိုင်း၊ နယ်စုံကပန်းနှမ်းများ ဈေးကွက် တွင်း ကို ဝင်ရောက်နေပါတယ်။ ဒီနှစ်မှာ ရာသီဥတုအပြောင်းအလဲများကြောင့် ပန်းနှမ်းအထွက်နှုန်း အနည်းငယ်လျော့လို့ ဈေးကောင်းရနေပါတယ်။ ယခင်နှစ် ဒီလိုအချိန်မှာ ပန်းနှမ်းတစ်ပိဿာ ၇ဝဝ ကျပ်ရှိပြီး ဒီနှစ်မှာတော့ သီးနံှစပေါ်ချိန်က ၉ဝဝကျပ်၊၉၅ဝကျပ်ရှိကာ ယခုတစ်ပတ်မှာတော့ တစ်ပိဿာ ၁ဝဝဝ ကျပ်မှ ၁ဝ၅ဝ ကျပ်ဈေးကို မြင့်တက်ခဲ့ပါတယ်။ ဒီဇင်ဘာနောက်ဆုံး ပတ်မှာ ရန်ကုန်၊ မန္တလေးကို ပိဿာချိန် ၁၅ဝဝဝ ခန့် စီးဆင်းသွားတယ်လို့ ကုန်သည်များထံကသိရပါတယ်။      

စောယုထွေး