Main menu

Background

ဈေးကွက်စောင့်တဲ့ လားရှိုးပြောင်း

Tue, 01/26/2010 - 07:46 -- Anonymous (not verified)

    ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးကုန်စည်ဒိုင်ကို မြို့နယ်များမှ ပြောင်းဖူးလက်ကျန်တော်တော်များများ ဝင်ရောက်နေရာ လှောင် လက်အကြိုက် နောက်ဆုံးလက်ကျန်ပြောင်းဖြစ်လို့ ပြောင်းကခြောက်သွေ့ပြီး အရည်အသွေး ကောင်းပါတယ်။ လှောင်လက်များက ရွှေလီဈေးကွက်ကောင်းချိန်ကို ချိန်ဆ တင်ပို့ခဲ့ကြရာ ဇန်နဝါရီ ဒုတိယပတ်က ပြောင်း တစ်ပိဿာ ၃၃ဝ ကျပ်ကနေ တတိယပတ်မှာ တစ်ပိဿာ ၃၃၅ ကျပ် နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ ပြောင်း ပိဿာ တစ်သိန်းခွဲဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။ ဝယ်လက်ကလည်း ရသ မျှပစ္စည်းကို ပေါက်ဈေးနဲ့ ယူတဲ့အတွက် ဇန်နဝါရီ တတိယပတ်က ၃ဝ ဒသမ ၇၅ ပိဿာ ပြောင်းတစ် အိတ်ကို ၈၃ ယွမ် (မြန်မာ ငွေ ၁၂၃၆၇ ကျပ်)နဲ့  အရောင်းအဝယ် ဖြစ်တယ်လို့ သိရပါ တယ်။ ကုန်ပစ္စည်းစုပုံနေရင် ဈေးနိမ့် တတ်တာကြောင့် လားရှိုးကုန်သည် တို့ ဈေးကွက်ကို ကြည့်ပြီး ပစ္စည်းချိန်ဆတင်ပို့နေကြတယ်လို့ သိရပါတယ်။                                                                                                                               ပပဝင်း