Main menu

Background

ဈေးငြိမ်နေတဲ့ စားအုန်းဆီ

Thu, 01/28/2010 - 10:41 -- Anonymous (not verified)

   ပြည်တွင်းစားအုန်းဆီဈေးဟာ ဒီတစ်ပတ်မှာ ဈေးငြိမ်နေတယ်လို့ ဆီကုန်သည်ကြီးများကပြောပါတယ်။ ယခင်တစ်ပတ်ကလှုပ်ရှားခဲ့ ပြီး ဒီတစ်ပတ်မှာတော့ လက်လီလက်ကားဈေးနှစ်မိုျးလုံးငြိမ်နေပါတယ်။     ဆီကိုယ်စားလှယ်ကြီးတွေရဲ့ အရောင်းဆိုင်မှာလည်း တစ်ပိဿာ ၁၅၄၄ ကျပ်ဈေးနဲ့ အပြောင်းအလဲမရှိ ရောင်းချနေတာတွေ့ရ ပါတယ်။ ဘုရင့်နောင်နဲ့ ညောင်ပင်လေး ဈေးကွက်မှာတော့ စားအုန်းဆီ တစ်ပိဿာ (လက်ကားဈေး) ၁၈၅ဝ ကျပ်ဈေးရှိနေပါတယ်။     မြို့နယ်၊ ရပ်ကွက်လက်လီဈေးကွက်မှာတော့ စားအုန်းဆီ တစ်ပိဿာ ၁၉၅ဝ ကျပ်ကနေ ၂ဝဝဝ ကျပ်အထိ ရောင်းချနေပါတယ်။     စားအုန်းဆီကို မုန့်လုပ်ငန်းလုပ်ကိုင်သူတွေ အများဆုံးဝယ်ယူနေကြတယ် လို့ ဆီကုန်သည်ကြီးတွေက ဆိုပါတယ်။ လတ်တလော မှာ စားအုန်းဆီ သင်္ဘောတွေလဲ ပုံမှန်ဝင်ရောက်နေတာကြောင့် ဒီလကုန်ပိုင်းအထိ ဆီဈေးငြိမ် နေနိုင်တယ်လို့ ဆီကုန်သည်ကြီးများက ခန့်မှန်းထားပါတယ်။                                                                                                              လွင်လွင်မိုး