Main menu

Background

ညှိနှိုင်းဖျန်ဖြေခြင်းနှင့် ခုံသမာဓိသင်တန်းတစ်ရပ် ပြုလုပ်မည်

Mon, 01/18/2010 - 05:03 -- Anonymous (not verified)

    အဖွဲ့အစည်းအလိုက် အငြင်းပွားမှုများကို တရားရုံးသို့မရောက်စေဘဲ ညှိနှိုင်းဖျန်ဖြေခြင်းနှင့် ခုံသမာဓိ ဆုံးဖြတ်ခြင်းတာဝန်များ ကို ပြုလုပ်စေရန် ခုံသမာဓိနှင့် ဖျန်ဖြေရေးလုပ်ထုံးလုပ်နည်း များအားသင်တန်းတစ်ရပ်အဖြစ် ဖွင့်လှစ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ကုန်သည်ကြီးများ အသင်းနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) မှသိရသည်။    ''မိမိတို့ရဲ့ အဖွဲ့အစည်းအလိုက် အငြင်းပွားမှုတွေကို တရားရုံးသို့ မရောက်စေဘဲ ညှိနှိုင်းဖျန်ဖြေခြင်းနှင့် ခုံသမာဓိနဲ့ဆုံးဖြတ်ခြင်း တာဝန်တွေ ကိုထမ်းဆောင်လျက်ရှိကြတဲ့ပုဂ္ဂိုလ်တွေ၊ စာပေ၊ဂီတ၊ရုပ်ရှင်၊သဘင်၊ အနုပညာအပါအဝင်အခြားအသင်းအဖွဲ့ တွေမှာ ညှိနှိုင်းဖြန်ဖြေခြင်းနှင့် ခုံသမာဓိလူကြီး တာဝန်ယူလျက်ရှိကြတဲ့ ပုဂ္ဂိုလ်တွေ၊တရားသူကြီးတွေ၊ ရှေ့နေတွေ၊ဥပဒေအကိုျး ဆောင် တွေနဲ့ စိတ်ပါဝင်စားသူများ တက်ရောက်နိုင်မှာ ဖြစ်ပါတယ်''ဟု ဦးမောင်မောင်ဝင်း  Advocate,IBA Fellowship in international Legal Practice (UK) က ပြောပြသည်။ ၎င်းသင်တန်းတက်ရောက် နိုင်ရန်အတွက် ပညာအရည်အချင်း တက္က သိုလ်ဝင်တန်းအဆင့်နှင့် အင်္ဂလိပ် စာရေးတတ်၊ ဖတ်တတ်ရန် လိုအပ်ကြောင်း၊ ၂ဝ၁ဝခုနှစ် ဇန်နဝါရီလ အတွင်းဖွင့်လှစ် သွားမည် ဖြစ်ကာရုံးပိတ် ရက်များတွင် သင်ကြားသွားမည်ဟု သိရသည်။    ဘာသာရပ်များအနေဖြင့် ပြေလည်မှုရအောင်ဆောင်ရွက်ခြင်း (Mediation)၊ ခုံသမာဓိဖြင့် စီရင်ဆုံးဖြတ်ခြင်း (Arbitration)၊ ဦးစီးဦးရွက်ပြုခြင်း (Conducting the Arbitration)၊ Myanmar Arbitration Procedure စသည်တို့အပါအဝင်ဘာသာရပ်ခုနှစ် မိုျးကို သင်ကြားပြသပေးမှာ ဖြစ်ကြောင်းသိရသည်။ မြန်မာနိုင်ငံကုန် သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်း ရှင်များအသင်း ချုပ် (UMFCCI) ခုံသမာဓိ နှင့်ဖျန်ဖြေရေး လုပ်ထုံးလုပ်နည်းသင် တန်း (Advanced Course on Arbitration and Mediation Procedure) အမည်ဖြင့် သွားရောက်စုံစမ်းနိုင်ပြီး သင်တန်းပြီးဆုံးပါက ပြီးဆုံးကြောင်း လက်မှတ် (အောင်လက်မှတ်)ပေးအပ် သွားမည်ဖြစ်ကြောင်း၊ ၎င်းသင်တန်း အဖြစ် ဦးရေ ၅ဝ လက်ခံသင်ကြားပေး သွားမည်ဖြစ်ပြီး သင်တန်းစတင်တက် ရောက်သည့်နေ့မှ စ၍အပတ်စဉ် စနေနေ့တိုင်း နံနက်၉နာရီမှနေ့လည် ၁၁ နာရီ သင်ကြားမည်ဖြစ်ကြောင်း သိရှိရသည်။