Main menu

Background

တက္ကသိုလ်ဝင်တန်းအောင် မြန်မာကျောင်းသားများ နိုင်ငံတကာ တက္ကသိုလ်ကျောင်းများမှ အသိအမှတ်ပြု

Wed, 01/20/2010 - 07:39 -- Anonymous (not verified)

    ပြည်ပနိုင်ငံများသို့ ပညာသွားရောက်သင်ယူမည့်မြန်မာကျောင်းသားများအနေဖြင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဂရုတစိုက် ဖြေဆိုသင့်ပြီး၊ တက္ကသိုလ်ဝင်တန်းအောင်ကျောင်းသားများ ကိုလည်းနိုင်ငံတော်တော်များများ တက္ကသိုလ်များမှ အသိအမှတ်ပြု ကြောင်း၊ Myanmar Search International (MSI) မှမန်နေဂျင်းဒါရိုက်တာ ဒေါ်စုစုလှိုင်ကပြောကြားသည်။    ၁ဝ တန်းကိုမြန်မာကျောင်းသား တွေအနေနဲ့ပေါ့ပျက်ပျက်မဖြေစေချင်ဘူး။ ၁ဝ တန်းအောင်ကျောင်းသားတွေ ကိုနိုင်ငံ တော်တော်များများ University တွေကအသိအမှတ်ပြုတယ်။ နိုင်ငံတကာ တက္ကသိုလ်တန်းဝင်ခွင့်လျှောက်လို့ရတယ်။ ၁ဝ တန်းကိုတစ်ဘာသာပျမ်းမျှ အမှတ် ၆ဝ၊ ၇ဝ ဝန်းကျင်ရှိရင် University ဝင်လို့ရတယ်။ နောက်တစ်ဆင့် ကျမှ Computer ကို Basic လောက်ကိုတတ်ကျွမ်းအောင် သင်ယူသင့်တယ်။ အရေးအကြီးဆုံးဖြစ်တဲ့ အင်္ဂလိပ်စာကိုလည်းတတ်ကျွမ်းအောင်သင်ယူ သင့်တယ်။ IELTS ကျောင်းပေါ်မူတည်ပြီး အနည်းဆုံး ၅.၅ ကနေ ၆.ဝ၊ ၆.၅ လောက်အထိလိုတယ်ဟု ယင်းကအကြံ ပြုပြောကြားသည်။    မြန်မာကျောင်းသားများအနေဖြင့် ပြည်ပနိုင်ငံကျောင်းများသို့ သွားရောက်တက်ရောက်ရန်ရည်ရွယ်ထားပါ ကတက္ကသိုလ်ဝင် တန်းတက်ရောက်နေစဉ်အတွင်း ကွန်ပျူတာနှင့်အင်္ဂလိပ်စာ သင်တန်းများကို တွဲဖက်တက်ရောက် သင့်ကြောင်း၊ ထိုသို့ပြုလုပ်ခြင်း ဖြင့် ဗီဇာလျှောက်ထားရာတွင်လည်း ပညာအရည်အချင်းများတင်ပြရာတွင် အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း နှင့်မလေးရှား နိုင်ငံရှိ တက္ကသိုလ်ကျောင်းများ၏ တစ်နှစ်စာဝင်ကြေးမှာ အနည်းဆုံးအမေရိကန်ဒေါ်လာ ၄ဝဝဝ ဝန်း ကျင်ရှိကြောင်းသိရသည်။