Main menu

Background

တစ်ပတ်အတွင်း ဆန်ဈေးနှုန်း သုံးသပ်ချက်

Thu, 01/14/2010 - 08:33 -- Anonymous (not verified)

   တစ်ပတ်အတွင်း နိုင်ငံတကာဆန်ဈေးနှုန်းများ လေ့လာကြည့်ရာတွင် အမေရိကနိုင်ငံများမှာ ဈေးနှုန်းပြောင်းလဲမှုမရှိပေမဲ့ အာရှနိုင်ငံများမှာတော့ ထိုင်းနိုင်ငံဆန်ဈေး အနည်းငယ်လျော့ကျလာတာကို တွေ့ရပါတယ်။ ဖိလစ်ပိုင်က ဆန်ဝယ်တင်ဒါ တော်တော်များများ ခေါ်ယူပြီးပြီဖြစ်လို့ ဗီယက်နမ်နဲ့ ပါကစ္စတန်ဆန်ဈေးများ တည်ငြိမ်နေသော်လည်း ဝယ်လိုအားပါးနေတဲ့ ထိုင်းဆန်ဖြူ ၁ဝဝ မှတ်အဆင့် B  ဈေးကတော့ တစ်တန်ကို ကန်ဒေါ်လာ ၁ဝ လျော့နည်းတာကို တွေ့ရပါတယ်။