Main menu

Background

တစ်ရက်ထဲ တစ်အောင်စ ၂၄ ဒေါ်လာ ရွှေဈေးတက်

Tue, 01/19/2010 - 05:14 -- Anonymous (not verified)

     တရုတ်နိုင်ငံရဲ့ သွင်းကုန် ပမာဏဟာ မျှော်လင့်ထားတာထက် ပိုမိုခဲ့တယ်လို့ စာရင်းအင်းအချက် အလက်များက ဖော်ပြ နေခြင်း၊ ကမ္ဘာ့ရေနံဈေးနှုန်း ခိုင်မာလာခြင်း၊ အမေရိကန်ဒေါ်လာတန်ဖိုးသည် အခြားငွေကြေးများနဲ့ လဲလှယ်ရာမှာ တန်ဖိုး ကျဆင်း လာခြင်းတို့ကြောင့် ဇန်နဝါရီလ ၁ဝ ရက်နေ့တွင် ကမ္ဘာ့ရွှေ ဈေးနှုန်းသည် တစ်ရက်အတွင်း ရုတ်တရက် ခုန်တက်သွားခဲ့ပါတယ်။     ဖေဖော်ဝါရီလတင်ပို့မဲ့ ရွှေ (အမေရိကန်ရွှေကြိုပွိုင့်ဈေးနှုန်း) မှာ ဇန်နဝါရီလ ၁၁ ရက်နေ့က တစ်အောင်စ ကို ၂၄ ဒေါ်လာမြင့် လာကာ ၁၁၆၃ ဒေါ်လာဖြစ်လာရာ ဒီဇင်ဘာလ ၈ ရက်နေ့မှစပြီး အမြင့်ဆုံးနှုန်းဖြစ် ကြောင်းသိရပါတယ်။ ဒါပေမယ့် နောက်ပိုင်း တဖြည်းဖြည်းကျဆင်းပြီး တစ်အောင်စကို ၁၁၅၉ ဒသမ ၇ ဒေါ်လာဖြစ်ကြောင်း၊ ဒါပေမဲ့ ဇန်နဝါရီလ ၁ဝ ရက်နေ့ ဈေးနှုန်းထက် ၁၇ ဒသမ ၈ဝ ဒေါ်လာမြင့်နေဆဲဖြစ်ကြောင်း သိရပါတယ်။                                       Source: bloomberg.com   ပပ