Main menu

Background

တရုတ်နိုင်ငံနှင့် ငွေတန်ဖိုးကျခြင်း၊ချခြင်း

Thu, 01/07/2010 - 08:11 -- Anonymous (not verified)

အမောက်ထောင်နဂါး                                                                                                      ၂ဝဝ၈ ခုနှစ် ကမ္ဘာ့စီးပွါးရေး ဆုတ်ယုတ်မှုသည် တစ်ကမ္ဘာလုံးရှိ ပို့ကုန်အမှီပြု စီးပွားရေးအားလုံးကို ယိုင်လဲချိနဲ့စေခဲ့သည်။ ကမ္ဘာ့စက်ရုံကြီးဟု တင်စား ခေါ်ဝေါ်ခံနေရသော ပို့ကုန်အင် အားကောင်းသော တရုတ်နိုင်ငံသည် လည်း စိုးရိမ်စရာများဖြစ်ခဲ့ရသည်။ အားလုံးကလည်း တရုတ်နိုင်ငံ၏ ပို့ကုန် ကဏ္ဍ ကျဆင်းနိုင်သညိဟု တွက်ချက်ထားကြသည်။၂ဝဝ၉ ခုနှစ် ပထမ ၁၁ လကုန်သွယ်မှုသည် ၂ဝဝ၈ ခုနှစ်ကာလတူနှင့်နှိုင်းယှဉ်ပါက ၁၈.၈  ရာခိုင်နှုန်း ခန့်ကျဆင်းသွားသည်ဟု တရားဝင်ကိန်းဂဏန်း များက ဖော်ပြနေသည်။ သို့သော် ၂ဝဝ၉ ခုနှစ်အကုန်တွင် တရုတ်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးမှ တရုတ်၏ ကုန်သွယ်မှု အခြေအနေကို ထုတ်ဖော် ပြောကြား လိုက်သောအခါ အများထင်ထား သကဲ့သို့ မဟုတ်သဖြင့် အံ့အား သင့်သွားခဲ့ကြ သည်။ တစ်ကမ္ဘာလုံးနှင့် ယှဉ်ကြည့်သောအခါ ၂ဝဝ၈ ခုနှစ် တရုတ်နိုင်ငံ၏ ကုန်သွယ်မှုပမာဏသည် ကမ္ဘာ့ကုန်သွယ်မှုပမာဏ၏ ၈.၈၆ ရာခိုင်နှုန်း ရှိနေရာမှ ၂ဝဝ၉ ခုနှစ်တွင် ၉ ရာခိုင်နှုန်းအထိ တိုးတက်လာနိုင်မည်ဟု ခန့်မှန်းပြီး  ဂျာမဏီကိုပင်ကျော်တက်သွားနိုင်ကာ ကမ္ဘာ့ပိုကုန်ကင်အားအကြီးမား ဆုံး နိုင်ငံတစ်နိုင်င ံဖြစ်လာနိုင်သည်ဟု ကူးသန်း ရောင်းဝယ်ရေး ဒုဝန်ကြီး Zhong Shan က ဖိုရမ်တစ်ခုတွင် ထုတ်ဖော်ပြောကြားခဲ့သောကြောင့်ပင်။အထူးအဆန်း     သီအိုရီအရတိုင်းပြည်တစ်ပြည်၏ ပို့ကုန်ကဏ္ဍ တိုးတက်မှုသည် သက်ဆိုင်ရာတိုင်းပြည်၏ ငွေကြေးတန်ဘိုးကို တက်စေသည် ဟု ဆိုသည်။  တရုတ်နိုင်ငံ အနေနှင့် ပို့ကုန်အားကောင်း ၍ ကုန်သွယ်မှု အပိုအလံျှဖြစ်နေခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သော်လည်း      ၎င်း၏ ယွမ်ငွေတန်ဘိုးမှာ အခြားငွေကြေးများနှင့် နှိုင်းယှဉ်လျှင် ( အထူးသဖြင့် ဒေါ်လာ) တက်မလာဘဲ ကျဆင်းနေဆဲဖြစ်သည် ကိုတွေ့ရသည်။ ဖြစ်သင့်သည်အခြေအနေမဟုတ်ဘဲ သဘာဝလွန်ဖြစ်နေ သောကြောင့် အထူးအဆန်းတစ်ခုလိုဖြစ်နေသည်။ ထိုအခြေအနေများကို သုံးသပ်၍ တရုတ်ယွမ်ငွေမှာ ငွေတန်ဘိုးကျခြင်း (Depreciation) မဟုတ် ငွေတန်ဘိုး ချထား ခြင်း (Devaluation)  ဟု အားလုံးက ရှုမြင်၏။ကျခြင်းနှင့်ချခြင်း    ငွေတန်ဘိုးကျခြင်း ဆိုသည်မှာ တိုင်းပြည်တစ်ပြည်၏ ငွေကြေးတစ်ယူနစ် နှင့်လဲလှယ်သော နိုင်ငံခြားငွေကြေး ပမာဏနည်း သွားခြင်းဖြစ်ပြီး နိုင်ငံခြားငွေကြေးလဲလှယ်ရေးဈေးကွက်ထဲတွင် ငွေကြေးတို့၏ ဝယ်လိုအား၊ရောင်းလိုအား အခြေအနေများပေါ် မူတည်၍ဈေးကွက်သဘာဝအရ ဖြစ်ပေါ်နေခြင်းဖြစ်သည်။ ငွေတန်ဘိုးချခြင်းဆိုသည်ကား ငွေကြေးအာဏာပိုင်တို့က တစ်စုံ တရာသောရည်ရွယ်ချက်ဖြင့် ဈေးကွက်ထဲရှိ နိုင်ငံခြားငွေကြေးလဲလှယ်နှုန်းထားကို  ဖြစ်သင့်သောနှုန်းထက် နိမ့်သောနှုန်း ဖြင့် သတ်မှတ်လည်ပတ်စေခြင်းဖြစ်သည်။ ဈေးကွက်သဘာဝကိုဆန့်ကျင် ၍  လူဖန်တီးထားသော အခြေအနေဖြစ်သည်။ တရုတ်နိုင်ငံ အတွက်ကောင်းသော်လည်း  ရေရှည်တွင် ကမ္ဘာ့ကုန်သွယ်ရေး  ဟန်ချက်ညီရေးအတွက် အန္တရာယ်ရှိသော အခြေအနေတစ်ရပ် ဖြစ်လာနိုင်သည်ဟု သုံးသပ်ကြ၏။