Main menu

Background

တရုတ်ပဲပုပ်ဈေးနှုန်း အနည်းငယ်ကျဆင်း

Tue, 01/19/2010 - 08:29 -- Anonymous (not verified)

     တရုတ်နိုင်ငံရဲ့ အဓိကပဲပုပ် ထုတ်လုပ်တဲ့ ဒေသတွေမှာ ယခုတစ်ပတ်အတွင်း ပဲပုပ်ကြိုပွိုင့်ဈေးတွေ ကျဆင်းလာလို့ လက်ငင်းဈေးနှုန်းမှာလည်း အနည်းငယ်ကျဆင်း လာ တယ်လို့သိရပါတယ်။ ဟေလုံကျန်း ပြည်နယ် အရှေ့ မြောက်ပိုင်းက ဟာဆင်ဒေသမှာ ယခင်သီတင်းပတ်က တစ်တန်ကို ယွမ် ၃၆၄ဝ-၃၈ဝဝ (ကန်ဒေါ်လာ ၅၃၃- ၅၅၇) ရှိရာမှ ယခုသီတင်းပတ်မှာ ယွမ် ၃၆ဝဝ-၃၈ဝဝ (ကန်ဒေါ်လာ၅၂၇-၅၅၇) ကိုကျဆင်း ခဲ့တယ်လို့သိရပါတယ်။     အများပြည်သူအပ်နံှငွေ လက်ခံတဲ့ဘက်တွေက ဗဟိုဘဏ်ကို အပ်နံှရမယ့်ရှယ်ယာတွေကို (50 basic points)  အထိ အပ်နံှရမယ်လို့ တရုတ် နိုင်ငံဗဟိုဘဏ်က ရုတ်တရက်တိုးမြှင့် သတ်မှတ်လိုက်တာကို ကြည့်ခြင်းအား ဖြင့် တရုတ်နိုင်ငံ ငွေကြေးမူဝါဒကို တင်းကြပ်တော့မယ် ဆိုတာပြသနေပါ တယ်။ အဲဒီဂယက်က ကုန်စည်များ ကြိုပွိုင့်ဈေးကွက်ကို ရိုက်ခတ်ခဲ့သလို ချီကာကိုမှာ ပဲပုပ်ဈေးနှုန်းကိုလည်း ကျဆင်းစေခဲ့ပါတယ်။    ဒါပေမဲ့ လေ့လာဆန်းစစ် သူတွေပြောတာကတော့ ဖေဖော်ဝါရီ လလယ်မှာ ကျင်းပမဲ့ တရုတ်နှစ်သစ်ကူး နီးလာချိန် ဝယ်လိုအား ပုံမှန်ရှိနေတာရယ်၊ အစိုးရနဲ့ ဝယ်ယူ မှုမူဝါဒ တွေရယ်က ပြည်တွင်းပဲပုပ်ဈေးနှုန်း ကျဆင်းမှုကို ကန့်သတ်စေလိမ့်မယ် လို့ဆိုပါတယ်။                                                                                                                                                                                                  ယမုံနာ                                                                                                                                                                                            Source: Beijing