Main menu

Background

တရုတ်ဝယ်လိုအား အလားအလာကြောင့် စားအုန်းဆီဈေးနှုန်း ကျဆင်း

Thu, 01/28/2010 - 09:23 -- Anonymous (not verified)

     ဟင်းသီးဟင်းရွက်ဆီအများဆုံးသုံးတဲ့ တရုတ်နိုင်ငံမှာ ဆီထွက်သီးနံှနဲ့ စားဆီတင်သွင်းမှုများခြင်းရယ်၊ ပြည်တွင်းမှာရောင်းချမှု အလံျှပယ်ရှိခြင်းဆိုတဲ့ အခြေအနေအရ ဒီနှစ်စားဆီ တင်သွင်းမှု လျော့ကျမယ့် အလားအလာကြောင့် စားအုန်းဆီဈေးနှုန်းဟာ နှစ်လ အတွင်း အနိမ့်ဆုံးကို ကျဆင်းခဲ့ပါတယ်။ မလေးရှားကုန်စည်ဒိုင်မှာ ဧပြီလ အရောက်ပို့ရမယ့် စားအုန်းဆီဈေးနှုန်းဟာ တစ်တန်ကို ၁ ဒသမ ၅ ရာခိုင်နှုန်းကျဆင်းပြီး ကန်ဒေါ်လာ ၇၁၅ ဖြစ်လာပါတယ်။     တရုတ်နိုင်ငံရဲ့ ဟင်းသီးဟင်းရွက်ဆီဝယ်ယူမှုဟာ ယမန်နှစ်က အမြင့်ဆုံးကို ရောက်ရှိခဲ့ရာမှ ၂ဝဝ၉-၂ဝ၁ဝ မှာ တန်ချိန် ၉ သန်း အောက်ထိ ကျဆင်းနိုင်တယ်လို့ တရုတ်နိုင်ငံကောက်ပဲသီးနံှနဲ့ ဆီသတင်းထုတ်ပြန်ရေးဌာနက ဇန်နဝါရီလ ၂၁ ရက်နေ့မှာ ပြောကြား ပါတယ်။ ယမန်နှစ်က စားအုန်းဆီ တင်သွင်း မှုဟာ တန်ချိန် ၆ ဒသမ ၄ သန်းအထိ ၂၃ ရာခိုင်နှုန်းမြင့်တက်ခဲ့သလို မုန်ညှင်းစေ့ တင် သွင်းမှုကလည်း တန်ချိန် ၃ ဒသမ ၂ သန်းကို အမြင့်ဆုံးရောက်ရှိခဲ့ပါတယ်။ှ                                                                                                         Sources: bloomberg.com    ယုဇန