Main menu

Background

တရုတ်အာမခံလုပ်ငန်းများကြီးကြပ်ရေးအဖွဲ့က လမ်းညွှန်ချက်ထုတ်ပြန်

Fri, 01/29/2010 - 05:18 -- Anonymous (not verified)

    တရုတ်အာမခံလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့က စတော့ရောင်းဝယ်မှုအတွက် လမ်းညွှန်မှုကို ဇန်နဝါရီ ၂၂ ရက်နေ့က ထုတ်ပြန်ပါတယ်။ လမ်းညွှန်မှုအရ အာမခံစာချုပ်စာတမ်းလုပ်ငန်းကိုဆောင်ရွက်ဖို့ လျှောက်ထားတဲ့ ကုမ္ပဏီများဟာ နောက်ဆုံးခြောက်လအတွင်းမှာ မတည်ရင်းနှီးငွေအနည်းဆုံး ယွမ် ၅ ဘီလီယံ (ဒေါ်လာ ၇၃၂ သန်း) ရှိရမှာဖြစ်ပါတယ်။ အာမခံစာချုပ်စာတမ်းလုပ်ငန်းကို စမ်းသပ်အဖြစ်ဆောင်ရွက်ဖို့ နိုင်ငံတော်ကောင်စီက ခွင့်ပြုချက်ပေးပြီးနောက် သီတင်း နှစ်ပတ်အကြာမှာ တရုတ်အာမခံလုပ်ငန်းများ ကြီးကြပ်ရေးကော်မရှင်က လမ်းညွှန်မှုထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။Xinhua