Main menu

Background

တရုတ် - အာဆီယံ လွတ်လပ်တဲ့ ကုန်သွယ်မှုက မလေးရှားစားအုန်းဆီ တင်ပို့မှုကို မြင့်တက်စေနိုင်

Tue, 01/19/2010 - 08:04 -- Anonymous (not verified)

     တရုတ်နဲ့ အာဆီယံ လွတ်လပ် တဲ့ ကုန်သွယ်မှု ဒေသကို အပြည့်အဝ အကောင်အထည်ဖော်မယ်ဆိုရင် တရုတ်နိုင်ငံကို မလေးရှားစားအုန်းဆီ တင်ပို့မှု မြင့်တက်ဖွယ်ရှိ တယ်လို့ မလေးရှားစားအုန်းဆီအဖွဲ့ (MPOB) ရဲ့ ညွှန်ကြားရေးမှူးခုျ့ပ်Mohd Basri Wahid က ပြောကြားပါတယ်။ ၂ဝဝ၈ ခုနှစ်နဲ့ ၂ဝဝ၉ ခုနှစ်မှာ တရုတ်နိုင်ငံကို မလေးရှား စားအုန်းဆီတန်ချိန် ၃ ဒသမ ၇၉ သန်းနဲ့ ၄ ဒသမ ဝ၃ သန်းတင်ပို့ ခဲ့ပြီး၊ ဒီနှစ်မှာ တန်ချိန် ၄ ဒသမ ၅ သန်းထိ ရောက်ရှိမယ်လို့ ဆိုပါတယ်။ နောက်လာမယ့်နှစ်တွေမှာ တန်ချိန် ၅ သန်းအထိ တင်ပို့နိုင်လိမ့်မယ်လို့ မျှော်လင့်ထားတယ်လို့လဲ ဆိုပါတယ်။      ၂ဝ၁ဝ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့စပြီး တရုတ်-အာဆီယံ FTA အကောင်အထည်ဖော်လာတဲ့နောက် စားအုန်းဆီအခွန်ဟာ ၉ ရာခိုင်နှုန်းကို လျော့ကျခဲ့တယ်လို့ ဆိုပါ တယ်။ မလေး ရှားစားအုန်းဆီအတွက်  အကောက် ခွန်လုံးဝကင်းလွတ်ခြင်း မရှိသေးတဲ့တိုင် ယခင်အခွန် ၃ဝ ရာခိုင်နှုန်းထက်တော့ အများကြီး လျော့ကျလာပါပြီလို့လဲ ဆိုပါတယ်။      ဒီလိုအခွန်နှုန်းလျော့ကျလာ ခြင်းက တရုတ်နိုင်ငံက မလေးရှား စားအုန်းဆီ တင်သွင်းသူများအတွက် ဈေးအနိမ့်နဲ့ တင်သွင်းလာနိုင်တာ ကြောင့် ဈေးကွက်မှာ ယှဉ်ပြိုင် နိုင်စွမ်းက ပိုမိုလာမှာဖြစ်ပါတယ်။ ဒါကြောင့် မလေးရှားစားအုန်းဆီ ထုတ်လုပ်သူများအနေနဲ့ တရုတ်နိုင်ငံကို တိုးမြှင့်တင်ပို့နိုင်လိမ့်မယ်လို့ ယုံကြည် ကြကြောင်း လည်း ၎င်းကပြောကြား ပါတယ်။    Sources: xinhua     ယုဇန