Main menu

Background

တိရစ္ဆာန်အစာအတွက်ငါန်းဇွန်နံှစားပြောင်းဈေးကွက်ဝင်

Tue, 01/19/2010 - 05:00 -- Anonymous (not verified)

     ငါန်းဇွန်နယ်မှာ နံှစား ပြောင်းကို ရိုးရိုးပြောင်းနဲ့ အထွက်တိုးနီပြောင်း နှစ်မိုျးကို အဓိကစိုက်ပါတယ်။ သြဂုတ်လ ကစိုက်ပိုျးပြီး နိုဝင် ဘာလမှာ စတင်ပေါ်ပါတယ်။ ဒီဇင်ဘာလမှာ လှိုင်လှိုင်ပေါ်လာလို့ ရိုးရိုး နံှစားပြောင်းတစ်တင်း ၅၅ဝဝ ကျပ်၊ ၆ဝဝဝ ကျပ်၊ အထွက်တိုး နီနံှစား ပြောင်းတစ်တင်း ၆၈ဝဝ ကျပ်၊ ၇ဝဝဝ ကျပ်အကြား အရောင်းအဝယ်ဖြစ် လျက်ရှိပါတယ်။ နံှစားပြောင်းဟာ မြေနေရာမရွေးစိုက် ပိုျးနိုင်ပြီး သီးခြား စိုက်ခင်း ဒါမှမဟုတ် ပဲစင်းငုံ စိုက်ခင်းများမှာ သီးညှပ်စိုက်ပိုျးပါတယ်။ တစ်ဧကကို တင်း ၃ဝ မှ ၅ဝ ကြား ထွက်ရှိပါ တယ်လို့ မြို့သာကျေးရွာမှ တောင်သူတစ်ဦးကပြောပါတယ်။     နံှစားပြောင်းပင်ကို နွားစာအဖြစ်အသုံးပြုနိုင်ပြီး နွားစားစဉ်းဖတ် တစ်တောင်းကို ၃ဝဝ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။ နွားစာအတွက်လည်း ပူစရာမလိုဘဲ အနံှရောအပင်ပါ ဈေးကွက်ဝင်ပြီး၊ ဒေသနှင့် ကိုက်ညီတဲ့ နံှစားပြောင်းကို တိုးခဲျ့စိုက်ပိုျးလာကြတာ တွေ့ရပါတယ်။                                                                                                                     နိုင်ဝင်းထွန်း