Main menu

Background

တိုးဧရာကုမ္ပဏီက လာမဲ့နှစ် မိုးနဲ့နွေစပါးအတွက် ဓာတ်မြေသြဇာနဲ့ ဒီဇယ်ဆီ ကြိုပြီး စုဆောင်း

Tue, 01/19/2010 - 10:29 -- Anonymous (not verified)

      ဖားမားဖိုးရာဇာကုမ္ပဏီလီမိတက်သည် ဒေးဒရဲမြို့နယ်ဒေသခံဒါရိုက်တာ များ၊ စက်ပိုင်များ၊ ကုန်သည်များ၊ တောင်သူများနဲ့ တွေ့ဆုံညှိနှိုင်းပြီး ''တိုးဧရာစိုက်ပိုျးပို့ကုန်ရောင်းဝယ်ရေးကုမ္ပဏီ''ကို ၂ဝဝ၉ ခုနှစ် ဇူလိုင်လမှာ စတင်ဖွဲ့စည်းတည်ထောင်ခဲ့ပါတယ်။    အဆိုပါအထူးပြုကုမ္ပဏီအဖွဲ့ဟာ ၂၁-၇-၂ဝဝ၉ နေ့မှာ တောင်သူများနဲ့တွေ့ဆုံပြီး ပထမဆုံးစိုက်ပိုျးစရိတ်ပံ့ပိုးတဲ့အခမ်းအနား ပြုလုပ်ခဲ့ပါတယ်။ အခုဆိုရင် ချေးငွေပံ့ပိုးတာ ၃ ကြိမ်ရှိပြီမို့ ကျေးရွာအုပ်စု ၃၂ အုပ်စု၊ တောင်သူဦးရေ ၃၆ဝ ဦး၊ စိုက်ဧက ၁၅၄၃ ဧက၊ သွင်းအားစုအပါအဝင် စုစုပေါင်း ၇၆ ဒသမ ၇ သန်းချေးနိုင်ခဲ့ပါတယ်။       အထူးပြုကုမ္ပဏီအဖွဲ့သည် တောင်သူများနဲ့ထိတွေ့မှုရှိပြီး ပညာပေးလုပ်ငန်းများကို ၃ ကြိမ်ပြုလုပ်ခဲ့သလို  ၂ဝဝ၉-၂ဝ၁ဝ ခုနှစ် တွင် နွေစပါးစိုက်ပျိုးနိုင်ဖို့ ဒေသခံတောင်သူများနဲ့ ညှိနှိုင်းဆောင်ရွက်ပြီး စိုက်ပျိုးစရိတ်နဲ့ သွင်းအားစုများ ထောက်ပံ့ပေးဖို့ စီစဉ် ဆောင်ရွက်နေကြောင်းသိရပါတယ်။  လာမဲ့နှစ်များတွင်လည်း မိုးစပါး၊ နွေစပါးများစိုက်ပိုျးနိုင်ဖို့ ဓါတ်မြေသြဇာ၊ ဒီဇယ်ဆီများသိုလှောင်ထားရှိပြီးဖြစ်သလို တောင်သူ များရဲ့လိုအပ်ချက်အတိုင်း ပြည်ပမှ စက်ကိရိယာများပံ့ပိုးကူညီပေးသွားမှာဖြစ်ကြောင်း သိရပါတယ်။