Main menu

Background

တောင်ကိုရီးယားက မြို့တော်သစ်စီမံကိန်းတစ်ခုကြေညာ

Tue, 01/19/2010 - 06:24 -- Anonymous (not verified)

    တောင်ကိုရီးယားနိုင်ငံက သိပ္ပံနဲ့ ပညာရေးဗဟိုအချက်အချာတစ်ခုဖြစ်လာမဲ့ မြို့တော်သစ်တစ်ခုကိုထူထောင်ဖို့ ဒေါ်လာ ၁၄ ဒသမ ၆ ဘီလီယံရှိ စီမံကိန်းမူကြမ်းတစ်ခုကို ဇန်နဝါရီလ ၁၁ ရက်နေ့က ကြေညာခဲ့ပါတယ်။   ဆီယောင်းမြို့တော် တည်ဆောက်ရေးလုပ်ငန်းများအတွက် တောင်ကိုရီးယားနိုင်ငံရဲ့စီးပွားရေးအရ အကြီးမားဆုံးလုပ်ငန်းကြီး တစ်ခုဖြစ်တဲ့ ဆမ်ဆောင်းက လက်မှတ်ရေးထိုးထားပါတယ်။ ဒီလုပ်ငန်းထဲမှာ ဟန်ဝှာ၊ ဝန်း ဂျင်အင်လုပ်ဂရုတို့ပါဝင်မှာဖြစ်တယ်လို့ ဝန်ကြီးချုပ်အွန်ချန်းက ပြောကြားပါတယ်။   ယခုစီမံကိန်းဟာ ၂ဝဝ၅ ခုနှစ်က တာဝန်ယူခဲ့တဲ့ သမ္မတရိုမူဟွန်းက ကြေညာထားပြီးဖြစ်တဲ့ စီမံကိန်းဖြစ်ပြီး ဆိုးမြို့ကနေ ကီလိုမီတာ ၁၅ဝ (၉၄ မိုင်) ရှိတဲ့ ဒီမြို့ကို ဝန်ကြီးဌာနကိုးခုနဲ့ လက်အောက်ခံအေဂျင်စီလေး ခုကို ပြောင်းရွှေ့ပေးဖို့ အစီအစဉ်ရှိပါ တယ်။ ယခုမြို့တော်ကိုတည်ဆောက်ရတဲ့ ရည်ရွယ်ချက်ကတော့ တိုင်းပြည်ရဲ့ ဒေသဆိုင်ရာဖွံ့ဖြိုးမှုချိန်ခွင်လျှာကိုက်ညီဖို့ဖြစ် တယ်၊ ဘာဖြစ်လို့လဲဆိုတော့ တိုင်းပြည်လူဦးရေရဲ့ တစ်ဝက်နီးပါးခန့်က ဆိုးမြို့မှာနေထိုင်ကြလို့ဖြစ်တယ်လို့ အဲဒီအချိန်က ရိုမူဟွန်းကပြောခဲ့ပါတယ်။    ယခုလက်ရှိအစိုးရက ဆီယောင်းမြို့မှာ သိပ္ပံနဲ့ ပညာရေးအချက်အချာ တစ်ခုကို ထူထောင်ဖို့ဆုံးဖြတ်ပြီး ပုဂ္ဂလိကကဏ္ဍမှ ဝမ် ၄ ဒသမ ၅ ထရီလီယံ အပါအဝင် ဝမ် ၁၆ ဒသမ ၅ ထရီလီယံ (ဒေါ်လာ ၁၄ ဒသမ ၆ ဘီလီယံ) သုံးစွဲဖို့ သတ်မှတ်ထားပါတယ်။ မြို့တော်ရဲ့ နာမည်ကို ဆီယောင်းလို့အမည်ပေးခဲ့ရတာကတော့ ကိုရီးယားအက္ခရာကို တီထွင်ခဲ့တဲ့ ၁၅ ရာစုက ဘုရင်တစ်ပါးကို ဂုဏ်ပြုတဲ့အနေနဲ့ပေးခဲ့တာဖြစ်ပါတယ်။                                               AFP