Main menu

Background

တောင်ကိုရီးယားက အလုပ်အကိုင်သစ်နှစ်သိန်းဖန်တီး

Wed, 01/27/2010 - 09:52 -- Anonymous (not verified)

    ကမ္ဘာ့ဘဏ္ဍာရေး အကျပ်အတည်းဖြစ်ပြီး နောက်ပိုင်းတွင် အစိုးရရဲ့ စီးပွားရေးစွမ်းအားမြှင့် အစီအစဉ်တွေကြောင့်  တောင်ကိုရီးယားနိုင်ငံမှာ အလုပ်အကိုင်သစ်နှစ်သိန်း ဖန်တီးနိုင်ခဲ့တယ်လို့ စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုနဲ့ ဖွံ့ဖြိုးမှုအဖွဲ့(အိုအီးစီဒီ)မှ ရန်ဒေါဂုျန်းကဆိုးလ်မြို့မှာ ကျင်းပ တဲ့ စီးပွားရေးဖိုရမ်မှာ ပြောကြားပါတယ်။    ဘဏ္ဍာရေးနဲ့ စီးပွားရေး အကျပ်အတည်းဒဏ်က သက်သာရာရဖို့အတွက် အစိုးရရဲ့ကြိုးပမ်း ဆောင်ရွက်မှု တစ်နှစ်တာ အထိမ်းအမှတ်အနေနဲ့ ကိုရီးယားဖွံ့ဖြိုးမှုအဖွဲ့က ကျင်းပတဲ့ဖိုရမ်မှာ ယခုကဲ့သို့ ဝေဖန်ပြောကြားခဲ့တာ ဖြစ်ပါတယ်။xinhua