Main menu

Background

တောင်ကိုရီးယားနိုင်ငံက လျှပ်စစ်ကားအတွက် ဘက်ထရီအားသွင်းစက်ထုတ်လုပ်

Thu, 01/14/2010 - 07:43 -- Anonymous (not verified)

   တောင်ကိုရီးယား၏ အစိုးရကုမ္ပဏီတစ်ခုဖြစ်တဲ့ ကိုရီးယားထရစ်ပါဝါကော်ပိုရေးရှင်းကလျှပ်စစ်ကားများအတွက် ဘက်ထရီအားသွင်း စက်နှစ်မျိုးကိုထုတ်လုပ်ထားပြီးဖြစ်ပါတယ်လို့ ဇန်နဝါရီ ၅ ရက်က ထုတ်ပြန်တဲ့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ထုတ် လုပ်တဲ့ အမျိုးအစားမှာ   အမြန်နှုန်းအမျိုးအစားနဲ့ ပုံမှန်အမျိုးအစားဟူ၍နှစ်မျိုးဖြစ်ပြီး ဓါတ်အားအနည်းဆုံး ၈၀ ရာခိုင်နှုန်း ပြည့်ဖို့ အတွက် မိနစ် ၂၀နဲ့ ၅နာရီ အသီးသီးကြာမြင့်မှာဖြစ်တယ်။    အမြန်နှုန်းအမျိုးအစားများကို နောင်အခါမှာ ဓါတ်အားဖြည့်တင်းရေဆိုင်မှာ အသုံးပြုမှာဖြစ်ပြီးလက်ရှိဆောင်ရွက်နေတဲ့ ဓါတ်ဆီ ဆိုင်တွေလိုဖြစ်လာပါမယ်။ ပုံမှန်အမျိုးအစားကအိမ်သုံးအမျိုးအစားဖြစ်ပါတယ်။ တောင်ကိုရီးယားမော်တော်ကားထုတ်လုပ်ရေး လုပ်ငန်းမှာ လျှပ်စစ်အပြည့်အဝသုံးတဲ့ ကားတွေမရှိသေးတဲ့အတွက် ကိုရီးယားလျှပ်စစ်ပါဝါကော်ပိုရေးရှင်းက ဟွန်ဒိုင်းနဲ့ ကီးယား မော်တော်ကားကုမ္ပဏီတွေ နားလည်မှုစာချွန်ရေးထိုးပြီး လျှပ်စစ်ကားတွေထုတ်လုပ်ဖို့စီစဉ်ထားပါတယ်။Source: Xinhua