Main menu

Background

တောင်ကိုရီးယားရဲ့ ၂၀၀၉ ခုနှစ် ဂျီဒီပီကို မြှင့်တင်ခန့်မှန်း

Thu, 07/02/2009 - 18:16 -- cjadmin

၂၀၀၉ ခုနှစ်အတွက် ပြည်တွင်း စုစုပေါင်း ထုတ်လုပ်မှု (ဂျီဒီပီ) ကို တောင်ကိုရီးယားနိုင်ငံက မြှင့်တင် ခန့်မှန်းခဲ့ပါတယ်။ ဒီလိုတိုးတက် ခန့်မှန်းရတာက ဘဏ္ဍာရေးစွမ်းအား မြှင့်တင်မှုနဲ့ အတိုးနှုန်းလျှော့ချမှုတွေက စားသုံးသူ ယုံကြည်မှုကို မြင့်မားလာစေပြီး  ဝယ်လိုအား မြင့်တက်လာနိုင်တယ်ဆိုတဲ့ မျှော်မှန်းချက်နဲ့ ကုမ္ပဏီတွေက ထုတ်လုပ်မှုမြှင့်တင်ခဲ့လို့ ဖြစ်ရတယ် လို့ဆိုပါတယ်။ စီးပွားရေးနာလန်ထူမှု ခိုင်မာစေဖို့အတွက် တိုးချ့ဲဆောင်ရွက်ရေး မူဝါဒတွေ ချမှတ်မယ်၊ စီးပွားရေး ခိုင်မာလာပြီဖြစ်တဲ့အတွက် စီးပွားရေး စွမ်းအားမြှင့် အစီအစဉ်တွေ စတင်ရုပ်သိမ်းတော့မယ်လို့ အစိုးရက ဇွန်လ ၂၅ ရက်နေ့က ကြေညာပါတယ်။ ပင်လယ်ရပ်ခြားတင် ပ့ို မှုက ၂၀၀၉ ခုနှစ် ၁၆ ရာခိုင်နှုန်း ကျဆင်းနိုင်ပေမဲ့ လာမဲ့ နှစ်မှာ ၁၁ ရာခိုင်နှုန်း မြင့်တက်မယ်လို့ ကုန်သွယ်ရေးဝန်ကြီးဌာနက ခန့်မှန်းပါတယ်။ ပုဂ္ဂလိကစားသုံးမှုက ၂၀၀၉ ခုနှစ် မှာ ၁ ဒသမ ၈ ရာခိုင်နှုန်း ကျဆင်းပြီး လာမဲ့ နှစ်မှာ ၃ ရာခိုင်နှုန်း မြင့်တက်မယ် လို့ ခန့်မှန်းထားပါတယ်။ (bloomberg)