Main menu

Background

တောင်ကိုရီးယား၏ ပြောင်းနှင့် ဂျုံဝယ်လိုအားမြင့်များမည့် လက္ခဏာက ပြောင်းဈေးနှုန်းကို အထောက်အပံ့ပေးနိုင်

Tue, 01/26/2010 - 05:33 -- Anonymous (not verified)

    ကမ္ဘာ့တတိယမြောက် တိရိစ္ဆာန်စာဝယ်လိုအားအများဆုံး တောင်ကိုရီးယားနိုင်ငံရဲ့ မွေးမြူရေးလုပ်ငန်း တိုးခဲျ့မြှင့်တင်မှုကြောင့် တိရိစ္ဆာန်မွေးမြူရေးသုံး သီးနံှများဝယ်လိုအား ဆက်တိုက် မြင့်လာမယ်လို့ တောင်ကိုရီးယားနိုင်ငံမှ တိရိစ္ဆာန်စာ ဝယ်ယူတင်သွင်းတဲ့ ထိပ် တန်းကုမ္ပဏီတစ်ခုက ဆိုပါတယ်။    တိရိစ္ဆာန်အစားအစာသုံး ပြောင်းနဲ့ဂျုံကို ပြည်တွင်းသုံးစွဲမှုက ၂ဝဝ၉ ခုနှစ်တွင် ၁၁ ရာခိုင်နှုန်းမြင့်မားခဲ့ပြီး တန်ချိန် (၈) သန်းထိ ရောက်ရှိခဲ့ပါတယ်။ ပြည်တွင်းတိရိစ္ဆာန်မွေးမြူရေးမြှင့် တင်မှုကြောင့် အသားတင်သွင်းရမှု လျော့ကျခဲ့တယ်လို့ ကိုရီးယား တိရိစ္ဆာန်စာ အသင်းရဲ့ သီးနံှဝယ်ယူရေး ညွှန် ကြားရေးမှူး Kim Chi Young က ဆိုပါတယ်။    ကိုရီးယားရဲ့ ဂုံျနဲ့ ပြောင်းဝယ်လို အားကြောင့် ချီကာဂိုကုန်သွယ်ရေးတွင် ပြောင်းဈေးနှုန်းကို အထောက်အပံ့ပေးနိုင်မယ်လို့ မျှော်လင့် ကြပါတယ်။ ကိုရီးယားအနေနဲ့ ၂ဝဝ၉ ခုနှစ်တွင် ပြောင်းတန်ချိန် ၆ ဒသမ ၂ သန်းနဲ့ ဂုံျတန်ချိန် ၁ ဒသမ ၈ သန်းကို တိရိစ္ဆာန် မွေးမြူရေး လုပ်ငန်းတွင် အစာအဖြစ် အသုံးပြုခဲ့ရပါတယ်။ ၂ဝ၁ဝ ခုနှစ်တွင်လည်း သုံးစွဲနှုန်း သိသိသာသာ ပြောင်းလဲလိမ့်မှာ မဟုတ် ကြောင်း Kim က ပြောပါတယ်။                                                                                                                    Source: businessweek.com                                                                                                                                      ပပ