Main menu

Background

ထူးခြားချက်များစွာဖြင့် LG

Sat, 01/16/2010 - 15:14 -- Anonymous (not verified)

ွ     LG မှ ထုတ်လုပ်လိုက်သော ပလပ်စမာ TV (42 PQ 30 R) ဖြစ်သည်။ HD Ready  နှင့် Dynamic Contrast တို့ကြောင့် ပုံရိပ်များကို အထူးကြည်လင် ပြတ်သားသော အနုစိတ်အရည်အသွေးနှင့် သဘာဝကျသောပုံရိပ်များအဖြစ် ကြည့်ရှုခံစားရအောင် ဖန်တီးပေးနိုင်သည်။ လျင်မြန်သောလှုပ်ရှားမှုပုံရိပ်များ ကို စဉ်ဆက်မပြတ်ပုံဖော်ပေးနိုင်သော Field Driving စနစ်ကြောင့် အားကစား အစီအစဉ်များနှင့်  အက်ရှင်ဇာတ်ကား များကို ပီပီပြင်ပြင်ကြည့်ရှုနိုင်ပါသည်။    Intelligent Sensorကြောင့် အခန်းအတွင်းရှိ အလင်းအမှောင်အနေ အထားပေါ် မူတည်၍ တီဗွီဖန်သားပြင်၏ အရောင်ဖွဲ့စည်းမှု ကို အလိုအလျောက်ပြောင်းလဲပေးနိုင်စွမ်းရှိသဖြင့် အချိန်မရွေး၊ နေရာမရွေး အမြင်အာရုံနှင့်လိုက်လျောညီထွေစွာ အဆင်ပြေ ပြေကြည့် ရှုခံစားနိုင်သည်။ စွမ်းအင်ချွေ တာသောစနစ်ပါရှိခြင်းကြောင့် စွမ်းအင်ကို ၇၆ ရာခိုင်နှုန်းအထိ ချွေတာနိုင်ခြင်း၊ တီဗွီ၏သက်တမ်းမှာ နာရီတစ်သိန်းထိရှိ ခြင်းတို့ကြောင့် တွက်ချေကိုက်သော အမိုျးအစားလည်းဖြစ်သည်။    ထို့အပြင်အသံပိုင်းစနစ် တွင် လည်း သတင်းစသည့် Vocal ဦးစားပေး အစီအစဉ်များကို ကြည်လင်ပြတ်သား သောစကားသံများ အဖြစ် ခံစားနားဆင် နိုင်စေသော clear voice နည်းပညာပါ ရှိခြင်း၊ HDMI ဆက်စပ်ကြိုးတပ်ဆင်ရန် လိုင်းနှစ်လိုင်းပါ ဝင်ပြီး ၊ USB2.0 အဝင်လိုင်းပါရှိခြင်းတို့ကြောင့် ဗီဒီယို၊ အမ်ပီသရီး၊ အမ်ပီဖိုး၊ ဓါတ်ပုံစသည်တို့ကို ကြည့်ရှုနိုင်ခြင်း၊ ကွန်ပူျတာဖြင့် ချိတ်ဆက်နိုင်ရန် RGB လိုင်းပါရှိခြင်းတို့ ကြောင့် ယနေ့ခေတ်သစ်လူနေမှုဘဝ၏ လိုအပ်ချက်များနှင့် သဟဇာတဖြစ် သော တီဗွီအမိုျးအစားတစ်ခုဟုဆိုရပါ မည်။ အဆိုပါ ၄၂ လက်မ LG ပလပ်စမာတီဗွီများကို TMW- Enterprise မှတင်သွင်းဖြန့်ချိပြီး၊ ဆူးလေ ဘုရားလမ်းရှိ LG Center  တွင်တန်ဖိုး ကျပ် ခုနစ်သိန်းနီးပါးဖြင့် ဝယ်ယူရရှိနိုင်ပါသည်။