Main menu

Background

ဒီဇင်ဘာလ တရုတ်နိုင်ငံ ပဲပုပ်တင်သွင်းမှု ၄၅ ရာခိုင်နှုန်း မြင့်တက်

Thu, 01/28/2010 - 10:44 -- Anonymous (not verified)

    ဒီဇင်ဘာလအတွင်း တရုတ် နိုင်ငံရဲ့ ပဲပုပ်တင်သွင်းမှုဟာ တန်ချိန် ၄ ဒသမ ၇၈ သန်းရှိလို့ မနှစ်က ကာလ တူ တင်သွင်းမှုထက် ၄၅ ရာခိုင်နှုန်း မြင့်တက်ခဲ့တယ်လို့ အကောက်ခွန်ဌာနက ပြောကြားပါတယ်။ နိုဝင်ဘာလ တင်သွင်းမှုထက်လည်း ၆၅ ရာခိုင်နှုန်း ပိုမိုတယ် လို့ ဆိုပါတယ်။ ၂ဝဝ၉ ခုနှစ် တစ်နှစ်လုံးအနေနဲ့ စုစုပေါင်း ပဲပုပ်တင်သွင်းမှုဟာ တန်ချိန် ၄၂ ဒသမ ၅၅ သန်းရှိလို့ မနှစ်ကထက် ၁၃ ဒသမ ၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါတယ်။ တရုတ်နိုင်ငံဟာ ကမ္ဘာမှာ ပဲပုပ်အများဆုံး တင်သွင်းသူဖြစ်ပြီး အများအားဖြင့် ကမ္ဘာ့ပဲပုပ်ဦး ဆောင်ထုတ်လုပ်တဲ့ အမေရိကန်၊ ဘရာဇီးနဲ့ အာဂျင်တီးနားတို့က ဝယ်ယူလျက်ရှိတယ်လို့ သိရပါတယ်။ ှ                                                                                                     Sources: djnewswires .com                                                                                                                      ယုဇန