Main menu

Background

ဒီဇယ်ဈေးများ နှစ်စတွင် သိသိသာသာ ပြောင်းလဲလာ

Tue, 01/19/2010 - 06:05 -- Anonymous (not verified)

      ဒီဇယ်ဈေးများမှာ ပုဂ္ဂလိကမှ ဒီဇယ်များတင်သွင်းသော သတင်းများ၊  ကမ္ဘာ့ရေနံဈေး တက်ရိပ်ပြသည်ဆိုသော သတင်းများ ထွက်ပေါ်ပြီးနောက် ၂ဝ၁ဝ ခုနှစ် နှစ်စတွင် ဒီဇယ်ဈေးများ သိသိသာသာပြောင်းလဲလာကြောင်း သိရသည်။     ''အခုရေနံဈေးက အာရှမှာ တစ်စည်ကို အမေရိကန်ဒေါ်လာ ၈၂ ဒေါ်လာအထိ မြင့်တက်လာတယ်။ တရုတ်နိုင်ငံနဲ့ အမေရိကန် နိုင်ငံက ထုတ်လုပ်ရေးလုပ်ငန်းတွေ တိုးတက်လာတော့ စတော့ဈေးကွက်က မြင့်တက်လာတယ်။ စတော့ဈေးကွက်က ဆက်တက် နေ ဒေါ်လာတန်ဖိုးကဆက်ပြီး ကျနေရင် ရေနံဈေးက ရှေ့လျှောက်မြင့်တက်ဖို့ပဲရှိတယ်။ အခုဆိုရင် ပုဂ္ဂလိကကနေ ဒီဇယ်ဆီတွေ ကို တင်သွင်းခွင့် ရပြီဆိုတဲ့ သတင်းတွေနဲ့အတူ ဒီဇယ်ဈေးက သိသိသာသာမြင့်တက်လာတယ်'' ဟု ဒီဇယ်ရောင်းဝယ်သူတစ်ဦး ကပြောကြားသည်။     ဒီဇယ်ဈေးနှုန်းများမှာ ယခင်က တစ်ပီပါလျှင် ၁၄၆ဝဝဝ ကျပ်ဝန်းကျင်ရှိရာမှ ယခုအခါတွင် တစ်ပီပါလျှင် ၁၇ဝဝဝဝ ကျပ် ဝန်းကျင်အထိ မြင့်တက်လာပြီး ကမ္ဘာ့ရေနံဈေးမှာလည်း လေးပတ်ဆက်တိုက် မြင့်တက်မှုများ ဖြစ်ပေါ်လာကြောင်း သိရသည်။                                                                                                                                         မင်းသန့်