Main menu

Background

ဒီဇယ်ဈေးအနည်းငယ်ပြန်ကျလာ

Wed, 01/27/2010 - 05:52 -- Anonymous (not verified)

    ဇန်နဝါရီလ ဒုတိယပတ်တွင် မြင့်တက်ခဲ့သော ဒီဇယ်ဈေးနှုန်းမှာ ယခုအခါ ဈေးနှုန်းအနည်း ငယ်ပြန်ကျလာတယ်လို့ သိရပါတယ်။ ''ဒီဇယ်ဈေးက အရမ်းကိုအတက်အကျပြင်းနေတယ်၊ ဘယ်သူမှ ဒီဇယ်ဈေးကို တက်မယ် ကျမယ် မခန့်မှန်းနိုင်သေးဘူး။ ရက်ပိုင်းအတွင်းမှာကို ဒီဇယ်ဈေးက ပြောင်းလဲနေတယ်။ အခုဒီရက်ပိုင်း မှာတော့ ကမ္ဘာ့ရေနံဈေးလည်း နည်းနည်းကျလာသလို ဒီဇယ် ဈေးလည်းကျလာတယ်။ ထပ်ပြီး ဈေးကျဖို့ ရှိ/မရှိ ဆိုတာကို အတိအကျမပြောနိုင်ပေမယ့် ဈေးကျ မယ်လို့တော့ ထင်ပါတယ်'' လို့ ဒီဇယ်ရောင်းဝယ်သူတစ်ဦးက ဆိုပါတယ်။    ဒီဇယ်ဈေးနှုန်းများမှာလည်း ၁ဝ နှစ်အတွင်း အမြင့်ဆုံးအဖြစ် ၂ဝဝ၈ ခုနှစ် ဇူလိုင်လတွင် ရေနံတစ်စည် ကို အမေရိကန်ဒေါ်လာ ၁၄၇ ၊ ပြည်တွင်း ဒီဇယ်တစ်ပီပါကို ၃၅ဝဝဝဝ ကျပ်၊ ၂ဝဝ၉ ခုနှစ် အမြင့်ဆုံးဈေးအဖြစ် နိုဝင်ဘာလတွင် ရေနံတစ်စည် ၇၆ ဒသမ ၂၉ ဒေါ်လာ၊ ပြည်တွင်း ဒီဇယ် တစ်ပီပါကို ၁၅၂ဝဝ ကျပ်၊ ၂ဝ၁ဝ ခုနှစ် ဇန်နဝါရီလ ဒုတိယပတ်တွင် ရေနံတစ်စည် ၈၂ ဒေါ်လာ၊ ပြည်တွင်း ဒီဇယ်ဆီတစ်ပီပါကို ၁၇ဝဝဝဝ ကျပ် ရှိခဲ့ပြီး ယခုတစ်ပတ်တွင် ရေနံတစ်စည် ၇၉ ဒေါ်လာ၊ ပြည်တွင်းဒီဇယ်ဆီ တစ်ပီပါကို ၁၆၁ဝဝဝ ကျပ်ဖြစ်တယ်လို့ သိရပါတယ်။              မင်းသန့်