Main menu

Background

ဒေါ်လာငြိမ်ငြိမ် ရွှေငြိမ်ငြိမ်

Wed, 02/03/2010 - 05:59 -- Anonymous (not verified)

    အမေရိကန်ဒေါ်လာလဲလှယ်မှု ခပ်ငြိမ်ငြိမ်ဖြစ်နေတဲ့အတွက် နယူးယောက်ဈေးကွက်မှာ ရွှေဈေးက ခပ်ငြိမ်ငြိမ်ပဲဖြစ်နေပါတယ်။ အလားတူ ရေနံစိမ်းဈေးလည်း တစ်စည်ကို ၇၂-၇၃ ဒေါ်လာလောက်မှာရောက်နေပြီး အာရှစတော့ဈေးကွက် အနည်းငယ်အကျနဲ့ ဈေးပိတ်ခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့ ဗဟိုဘဏ်က ကူးသန်းရောင်းဝယ်ရေးဘဏ်များရဲ့ ရန်ပုံငွေကို ထည့်ဝင်ငွေရဲ့ ၁၆ ရာခိုင်နှုန်းထားရှိဖို့ စီစဉ်ခဲ့ပြီးနောက် ဈေးကွက်များ  ငြိမ်သွားတယ်လို့ ဆိုပါတယ်။ လေ့လာချက် တွေ့ရှိချက်အရ ၂ဝဝ၉ ခုနှစ်တွင်း တရုတ်နိုင်ငံရဲ့ ပုဂ္ဂလိကများရဲ့ ငွေချေးယူမှု၊ ရွှေဝယ်ယူမှုနှုန်း က ကမ္ဘာ့နံပါတ်တစ်အဆင့်ကို ရောက်ရှိခဲ့ပြီး ၃၂ ရာခိုင်နှုန်း အထိမြင့်တက်လာခဲ့ပါတယ်။ ၂ဝဝ၉ ဇန်နဝါရီ ပထမအပတ်တွင်း တရုတ်ပုဂ္ဂလိကများရဲ့ ရွှေဝယ်ယူမှုက ကန်ဒေါ်လာ ၈၆ ဘီလီယံ အထိရှိခဲ့ကြောင်း လန်ဒန်တိုင်းသတင်းစာက ရေးသားခဲ့ပါတယ်။WWN