Main menu

Background

ဒေါ်လာလွှမ်းမိုးမှု အဆုံးသတ်သင့်

Sat, 06/27/2009 - 15:49 -- cjadmin

ကမ္ဘာ့ငွေကြေးတည်ငြိမ်မှုရဖို့ဆိုပါက ရွှေစံချိန်စနစ်အဆုံးသတ်ပြီး နောက်ပိုင်းကျင့်သုံးခဲ့သလို နိုင်ငံတစ်ခုတည်းကထုတ်ဝေတဲ့ ငွေကြေးအပေါ်မှာသာ ကမ္ဘာကြီးကဆက်လက်မှီခိုနေလို့မဖြစ်တော့ကြောင်း အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (အိုင်အမ်အက်ဖ်)ညွှန်ကြားရေးမှူးချုုပ် ဒိုမီနစ်စထေရော့ခန်းက နိုဝင်ဘာလ ၁၇ ရက်နေ့က ပြောကြားပါတယ်။ ကမ္ဘာသုံးငွေကြေးတစ်ခုဟာ အထူးထုတ်ယူခွင့် (SDR)ထက်သာလွန်ဖို့လိုမှာဖြစ်ကြောင်း၊ ဖြစ်နိုင်ပါက စုပေါင်းထားသောငွေကြေး (basket)မျိုးဖြစ်သင့်ကြောင်း သူကပြောကြားပါတယ်။