Main menu

Background

နိုင်ငံတကာအဖွဲ့အစည်းများမှ အသိအမှတ်ပြုသော ဘွဲ့လက်မှတ်ဖြစ်ရန် လိုအပ်

Wed, 01/20/2010 - 06:22 -- Anonymous (not verified)

    ပြည်ပနိုင်ငံများသို့ သွားရောက်ပညာသင်ကြားလိုသော ကျောင်းသားများအနေဖြင့် မိမိတက်ရောက်မည့် ကျောင်းနှင့်ယင်း ကျောင်းမှချီးမြှင့်သော ဘွဲ့လက်မှတ်မှာနိုင်ငံတကာအဖွဲ့အစည်းများ၏ အသိအမှတ်ပြုလက်မှတ်ဖြစ်၊ မဖြစ်ကိုကြိုတင်လေ့လာ သင့်ကြောင်း မလေးရှားနိုင်ငံ Curtin ကျောင်းမှဆရာ တစ်ဦးဖြစ်သူဦးဇေယျာဦးကပြောကြား သည်။   ''ပြည်ပနိုင်ငံတွေမှာ ကျောင်းသွားတက်တယ်ဆိုကတည်းက ကိုယ့်ရတဲ့ဘွဲ့ကိုအသိအမှတ်ပြုစေချင်လို့ စာသွားသင်ကြတာ။ အခုကျောင်းတွေကလည်း စီးပွားရေးဆန်ဆန်အပြိုင် အဆိုင်ဖွင့်လာတော့ပညာရေးကိုဦးစား မပေးတာ့ဘူး။ လွယ်လွယ်ကူကူရမယ့် ဘွဲ့ပေး။ ကောလိပ်အဆင့်ရှိတဲ့ကျောင်းက ဒီပလိုမာပဲရတယ်။ တချို့ကောလိပ်တွေက 2+1,2+2 ဆိုပြီး ကောလိပ်မှာ နှစ်နှစ်၊ တက္ကသိုလ်တစ်နှစ်၊ နှစ်နှစ်ဆိုပြီး သင်ကြားပေးတယ်။ ဒီမှာ တစ်ခုသတိထားရမှာက 3+0 ဆိုရင် အဲဒီကျောင်းက ပေးတဲ့ဘွဲ့ကို မလေးရှား အစိုးရကလုံးဝ အသိအမှတ်မပြုဘူး။ ဒီလိုအသိအမှတ်မပြုတဲ့ ဘွဲ့လက်မှတ်ကို ရရင်ကျောင်းသားအနေနဲ့လည်း ငွေကုန် လူပင်ပန်းရုံပဲရှိမယ်။ နိုင်ငံတကာအဖွဲ့အစည်း အသိအမှတ်ပြု မပြုသိချင်ရင် အသိအမှတ်ပြုတဲ့ ကျောင်းဆိုဒီအဖွဲ့အစည်းတွေက  ၂ နှစ်တစ်ကြိမ်သင်ကြားတဲ့ ဘာသာရပ်၊ သင်ကြားတဲ့ဆရာတွေနဲ့ သင်ကြားမှုတွေကို ပြောင်းလဲနေတဲ့ အခြေအနေနဲ့ ကိုက်ညီ မှုရှိမရှိအမြဲစစ် ဆေးပါတယ်''ဟုယင်းက ပြောသည်။    အဆိုပါ Curtin တက္ကသိုလ်မှ B.Eng, BBA,B.SC,B.Tech ဘွဲ့များချီး မြှင့်ပေးလျက်ရှိပြီးယင်းဘွဲ့များကို နိုင်ငံ တကာအဖွဲ့အစည်း (International Organization ) ဖြစ်သော IEEE (I Triple E), ICHENG (Institute of Chemical Engineering), IME (Institute of Mechanical Engineering), IOP (Institute Of Physics)  စသည့် အဖွဲ့အစည်းများမှ အသိအမှတ်ပြု ကြောင်းသိရသည်။