နေပြည်တော်တွင် အသုံးမလိုတော့သည့် ပိုလျှံယာဉ်များကို ရောင်းချရန်အတွက်လေလံခေါ်ယူခဲ့ပြီး ဇန်နဝါရီလ ၁၃ရက်နှင့် ၁၄ရက် တို့တွင် လေလံဖွင့်ခဲ့ရာအဖွင့်ရက်၌ လေလံအောင်ခဲ့သော ကားများမှာ ယခင်လေလံဈေးများထက်အနည်းငယ်နိမ့်ပြီး လေလံအောင်ခဲ့ ကြောင်း ရန်ကုန်မြို့မှလေလံသွားဆွဲသူများကဆိုသည်။ ''၁၃ရက်နေ့မှာ ကားအစီး ၉၀လေလံတင်ခဲ့ရာမှာ ၃၂စီးက ယခင်လေလံဈေးနှုန်းတွေထက် နည်းနည်းနိမ့်ပြီး လေလံအောင်ကြတယ်။ အဲ့ဒီ ၃၂စီးထဲမှာ Hilux ,Surf, Wagon က ၈ စီးပါတယ်။ ၇စီးကိုဆိုင်းငံ့ထားပြီး၊ မကြော်ငြာတဲ့ကားက၁၂စီး။ကြမ်းခင် ဈေးမမီတဲ့ကားက ၃၉စီးရှိခဲ့တယ်။ အဖွင့်နေ့က ကျပ်သိန်း ၆၀၀ကျော်နဲ့ လေလံအောင်ခဲ့တ Hilux, Surf အမျိုးအစားက အပြင်ပေါက်ဈေး သိန်း၈၀၀ လောက်ရှိပါတယ်''ဟု အဆိုပါပုဂ္ဂိုလ်ကသတင်းပေးပြောကြားသည်။ အဆိုပါလေလံတွင် ပိုလျှံယာဉ်၁၇၆စီးကို လေလံတင်ရောင်းချရန် စီစဉ်ထားကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ကြော်ငြာချက် အရသိရသည်။ ခင်မျိုးသွယ်
Background