နေပြည်တော်-မန္တလေး လေအေးစက်ပါ အမြန်ရထားကို လက်ရှိပြေးဆွဲနေတဲ့အမှတ် ၂၅ အဆန် နေပြည်တော် မန္တလေးအမြန်ရထားနှင့် အမှတ် ၂၆ အစုန် မန္တလေး-နေပြည် တော်အမြန်ရထားတွဲဆိုင်းများအစား ဇန်နဝါရီ ၁၄ ရက်မှ စတင်ပြီး ပြေးဆွဲခဲ့ကြောင်းသိရပါတယ်။ ရထားတွဲဆိုင်း တွင် လေအေးစက်ပါ အထက်တန်းတွဲ လေးတွဲနှင့် လေအေးစက်မပါ ရိုးရိုးတန်း လူစီးတွဲ နှစ်တွဲပါရှိပြီး၊ အထက်တန်းတွဲ ထိုင်ခုံ ၂၄၈ ခုံနှင့် ရိုးရိုးတန်းထိုင်ခုံ ၁၂ဝ တပ်ဆင်ထားကြောင်း သိရပါတယ်။ ရထား တွဲဆိုင်းတွင် မြင်းကောင်ရေ ၄၄ဝ ရှိ အင်ဂျင်တစ်လုံးနှင့် မြင်းကောင်ရေ ၂၂ဝ ရှိ အင်ဂျင်လေးလုံးတို့ကို တပ်ဆင် ထားပြီး၊ တွဲများ သက်သာ ငြိမ့်ညောင်း စေရန်အတွက် Air Cushion Suspension များနှင့် ဘရိတ်ပိုင်းဆိုင်ရာစနစ်မှာ လုံခြုံစိတ်ချရပြီး၊ ပိုမို ကောင်းမွန်သော Compressed Air Brake စနစ်တို့ကို တပ်ဆင်ထားကြောင်းလည်း သိရပါ တယ်။ တွဲများကိုလည်း အလို အလျောက် ဖွင့်ပိတ်သည့် လူဝင်တံခါး နှင့် ခရီးသည်များကိုယ် လက်သန့် စင်နိုင်ရန် ကြွေလက်ဆေးကန်များနှင့် လေစုပ်သန့် စင်ခန်းစနစ်များ တပ်ဆင် ထားပြီးတွဲများတွင် အလင်းရောင် လုံလောက်စွာရရှိစေရန် လျှပ်စစ်မီးချောင်းများနှင့် အလင်းရောင်ကို လိုအပ်သလို တိုးလျော့နိုင်ခြင်း၊ ထိုင်ခုံကို အနေအထားအမျိုးမျိုးပြောင်းစေနိုင်မည့် Reclining Seat များနှင့် ခေါက်စား ပွဲငယ်များ တပ်ဆင်ပေးထားခြင်းတို့ဖြင့် ခရီးသည်များ သက်တောင့်သက်သာ အဆင်ပြေစွာ လိုက်ပါစီးနင်းနိုင်ရန် စီစဉ်ပေးထားကြောင်းလည်း သိရပါ တယ်။ ကျော်ဦး
Background