Main menu

Background

နောင်ဆိုရင် စူပါမားကက်မှာပဲ ဈေးဝယ်ကြတော့မှာလား

Thu, 01/14/2010 - 08:05 -- Anonymous (not verified)

ကမ္ဘာပေါ်မှာ  ကိုယ်လိုချင်တဲ့ ပစ္စည်းတွေကို တစ်နေရာတည်းမှာ လွယ်လွယ်ကူကူ ဝယ်ယူ ရရှိနိုင်သော နေရာ၊ အဲဒီနေရာ ကတော့ အများ သိရှိကြတဲ့ စူပါမားကက်လို့ ခေါ်ဝေါ်နေကြတဲ့ ဈေးဝယ်စင်တာကြီးများပါပဲ။စူပါမားကက်ဆိုတာ စူပါမားကက်ဆိုတာ တကယ် တော့ ကုန်စုံဆိုင်အကြီးစားများပဲ ဖြစ်ပါ တယ်။ ရှေးယခင်က စူပါမားကက်ဆို တာမပေါ်ပေါက် သေးချိန်က ကုန်စုံဆိုင်များ ဖွင့်လှစ်၍ ရောင်းချခဲ့ကြပါတယ်။ ကုန်စုံဆိုင်များဟု ဆိုသော်လည်း အခြေ ခံစားကုန်ဖြစ်သည့် ဆန်မှလွဲ၍ အခြားသော စားသောက်ကုန်များ ကိုသာ ရောင်းချခဲ့ကြပါတယ်။ လူသုံးကုန် ပစ္စည်းများ အဝတ်အထည် များကိုမူ ဈေးကြီးများအတွင်းရှိဆိုင်များတွင်သာ မိမိကြိုက်နှစ်သက်ရာကို ရွေးချယ် ဝယ်ယူကြရပါ တယ်။ အဲဒီလို ဝယ်ယူကြတဲ့အခါမှာ တစ်ဆိုင်နှင့် တစ်ဆိုင် ဈေးနှုန်းမတူခြင်း၊ ဈေးနှုန်းကွာဟချက် ကြီးမားခြင်း တို့ကြောင့် ဈေးဝယ်သူများ အနေဖြင့် အခက်အခဲ များ စွာကြုံတွေ့ခဲ့ကြရပါတယ်။ စူပါမားကက်တွေဟာ ဈေးနှုန်းကို ပုံသေထားရှိ ခြင်း၊ မိမိကြိုက်နှစ်သက်ရာ ပစ္စည်းများကို တစ်နေရာ တည်းမှာ အချိန်မကုန်ဘဲ ဝယ်ယူနိုင်ခြင်း၊ ဈေးဝယ်ရာမှာ စိတ်ချမ်းသာ မှုရှိခြင်း စတဲ့အချက် တွေကြောင့် စားသုံးသူတွေဟာ စူပါမားကက် တွေမှာ ဈေးဝယ်ရတဲ့ အလေ့အထကို နှစ်သက်ခုံမင် လာကြပါတယ်။စူပါမားကက်ရဲ့အစ ကမ္ဘာပေါ်မှာ စူပါမားကက်တွေ ကို စတင်ဖွင့်လှစ်ခဲ့သူ ကတော့ မိုက်ကယ်ဂျေကူလန်ပါ။ သူဟာ ၁၉၃၀ ပြည့်နှစ် သြဂုတ်လ ၄ ရက်နေ့မှာ အမေရိကန်နိုင်ငံ၊ နယူးယော့စီးတီးမြို့ မှာရှိတဲ့ စတုရန်း ပေ ၆၀၀၀ ကျယ်ဝန်း တဲ့ ဂိုဒေါင်ကြီးတစ်ခုမှာ ကင်းကူလန် (King Kullen) မည်ရှိ စူပါ မားကက်ကြီး တစ်ခုကို ဖွင့်လှစ်ခဲ့ပါတယ်။ ကင်းကူ လန်ရဲ့ဆောင်ပုဒ်က "တိုက်အမြင့်ကြီး မှာရောင်းပေမယ့် ဈေးနှုန်းသက်သာ ရမယ်" (Plie it high, Sell it low) ဆိုတဲ့ ဆောင်ပုဒ်ပါ။ ၁၉၃၆ ခုနှစ်မှာ မိုက်ကယ်ကူလန် ကွယ်လွန် သွားခဲ့ပေမယ့် သူကွယ်လွန်ပြီးချိန်မှာ ကင်းကူလန် စူပါမားကက်ပေါင်း ၁၇ ခုအထိ ဖွင့်လှစ် နိုင်ခဲ့ပါတယ်။ ဒုတိယ ကမ္ဘာစစ်ကြီး ပြီးဆုံးတဲ့ အခါမှာ ဆင်ခြေဖုံး ဒေသများမှာ နေထိုင်ကြတဲ့ လူတို့ရဲ့ဘဝအခြေအနေတွေ တိုးတက်ဖွံ့ဖြိုးလာမှုနဲ့အတူ ကနေဒါနိုင်ငံနဲ့ အမေရိကန်ပြည်ထောင် စုတို့မှာ စူပါ မားကက်ကြီးတွေဟာ အလျင်အမြန် တိုးပွားလာခဲ့ပါတယ်။  ၁၉၅၀ ပြည့်လွန် နှစ်များမှာ စူပါမားကက် တွေဟာ ဈေးဝယ်သူတွေ ကို ဆွဲဆောင်နိုင်ဖို့အတွက် မန်ဘာကဒ်၊ ကလပ်အသင်းဝင်ကတ်၊ တော်ဝင်ကတ်၊ အေ<ကးဝယ်ကတ်စသည်ဖြင့် မက်လုံး အမျိုးမျိုး ပေးပြီး ဆွဲဆောင်ခဲ့ကြပါတယ်။ မြန်မာနဲ့စူပါမားကက် မြန်မာနိုင်ငံမှာတော့ ၁၉၈၈ ခုနှစ်မတိုင်မီက နိုင်ငံတော်အစိုးရက ကုန်တိုက်တွေဖွင့်လှစ်ပြီး ပြည်သူများ လွယ်ကူသက်သာစွာဝယ်ယူနိုင်ဖို့ သိမ်ကြီးဈေးမှာ မြန်မာ့ကုန်တိုက်ကို  စတင် ဖွင့်လှစ် ရောင်းချပေးခဲ့တာကို လေ့လာခဲ့ မိပါတယ်။ ဒါပေမယ့် မြန်မာ့ ကုန်တိုက်ကြီးမှာ မကြာခဏ ဆိုသလို ပစ္စည်းပြတ်လပ်ခြင်း၊ ရောင်းချလိုက်တဲ့ ပစ္စည်းများဟာ ပြည်သူများ     လက်ဝယ်သို့ တိုက်ရိုက် မရောက်ရှိဘဲ တစ်ဆင့်ခံ  ရောင်းချသူ လက်ဝယ်သို့သာ ရောက်ရှိ နေခြင်း တို့ကြောင့် မြန်မာ့ကုန်တိုက် လောကဟာ မအောင်မြင်ဘဲ တဖြည်းဖြည်းနဲ့ မှေးမှိန် ပျောက်ကွယ်ခဲ့ရပါတယ်။ မြန်မာ့ကုန်တိုက်များ ပေါ်ပေါက် လာသည်နှင့်အတူ လူသုံးကုန်ပစ္စည်း များရောင်းချတဲ့ စတိုးဆိုင် များဟာ လည်း ဟိုတစ်စ သည်တစ်စ ပေါ်ထွက် လာခဲ့ပါတယ်။ ကြည်မြန်မာစတိုး၊ စိန်ဂေဟာ စတိုး၊ ဂမုန်းပွင့်စတိုးစသည် ဖြင့် စတိုးဆိုင်ကြီးတွေ ပေါ်ထွန်းလာခဲ့ ပါတယ်။ ၁၉၉၃ ခုနှစ်မှာ ဂမုန်းပွင့်စူပါ မားကက်ကို မြေနီကုန်းမှာ စတင်ဖွင့် လှစ်လိုက်ခြင်းဖြင့် စူပါမားကက် လောကဟာ ရန်ကုန်မြို့မှာ တွင်ကျယ် လာခဲ့ပါတော့တယ်။  ၁၉၉၆ ခုနှစ်မှာ စီးတီးမတ် စူပါမားကက်ရဲ့ ပထမဆိုင်ခွဲဖြစ်တဲ့ အောင်ဆန်း ဆိုင်ခွဲကို ဆောင်ဆန်း အားကစားပြိုင်ဝင်းရဲ့ မြောက်ဘက်တန်းမှာ ဖွင့်လှစ် နိုင်ခဲ့ပါတယ်။ စီးတီးမတ်ရဲ့ထူးခြားချက်မှာ လူသုံးကုန် ပစ္စည်းများကိုသာမက အခြေခံ စားသောက်ကုန်ဖြစ်တဲ့ ဆန်၊ ဆီ၊ ဆားမှအစ အသီးအရွက်များ အထိပါ ဝယ်ယူရရှိနိုင်တဲ့ အဆင့်မြင့် စူပါမားကက်ကြီး တစ်ခုဖြစ်တာ ကြောင့် ဈေးဝယ်သူများဟာ စတိုးဆိုင်ကြီးများထက် စီးတီးမတ် စူပါမားကက်ကို ပိုမို စိတ်ဝင်စားလာခဲ့ကြပါတယ်။ ဒါပေမယ့် မြန်မာလူမျိုးတို့ရဲ့ ဈေးဆစ်ခြင်း အလေ့အထဟာ အရိုးထဲအထိ စွဲနေသေးတာကြောင့် စူပါမားကက်မှာ ဈေးဝယ်ရတာကို ရှက်ကြောက်သလို ဖြစ်နေခဲ့ကြပါတယ်။ ရေရှည ်ကာလမှာတော့ စူပါမားကက် များရဲ့ ဈေးနှုန်းမှန်ကန်မှု၊ အချိန်ကုန် သက်သာမှု၊ တစ်ဆိုင်ဝင်တစ်ဆိုင်ထွက် ပြီး ဈေးဆစ်ခြင်း၊ ဈေးသည်များရဲ့ အမျိုးမျိုးသော မခြေမငံ ဆက်ဆံခံ ရမှုများမှကင်းဝေးခြင်း၊ ပစ္စည်းအမျိုး အစားမှန်ကန်ခြင်းတို့ကြောင့် စူပါမား ကက်တွေကို အကျွမ်းတဝင် ရှိလာခဲ့တာကို တွေ့ရပါတယ်။ အဆိုပါကိစ္စနှင့် ပတ်သက်၍ စီးတီးမတ်မှ တာဝန်ရှိသူတစ်ဦးက "ကျွန်တော် တို့ စီးတီးမတ ်စဖွင့်တဲ့ အချိန်မှာ စူပါမားကက်တွေမှာ ဈေးဝယ်တဲ့ အလေ့အထ ဟာ မြန်မာပြည်သူတွေနဲ့ အကျွမ်း တဝင်မရှိသေးပါဘူး။ ဒါပေမယ့် စူပါမား ကက်တွေရဲ့ ဝန်ဆောင်မှုတွေဖြစ်တဲ့ ပစ္စည်း စုံလင်စွာ ရရှိနိုင်ခြင်း၊ ပစ္စည်း အရည်အသွေးကို အာမခံနိုင်ခြင်း၊ မိမိစိတ်ကြိုက်ရွေးချယ်ဝယ်ယ ူနိုင်ခြင်း၊ သက်တောင့်သက်သာနဲ့ လွယ်ကူအေး ဆေးစွာဝယ်ယူ နိုင်ခြင်း၊ ဈေးဆစ်ရန် မလိုခြင်း၊ ဈေးနှုန်းမှန်ကန်ခြင်းစတဲ့ အကျိုးကျေးဇူးတွေကို သိလာကြတယ်။ အဲဒါကြောင့်  အခု နောက်ပိုင်း မှာ မြန်မာ ပြည်သူတွေဟာ စူပါမားကက်တွေကို ပိုမိုစိတ်ဝင်စားလာပြီး စူပါမားကက် တွေမှာ ဈေးဝယ်တဲ့စနစ်တွင် ကျယ်လာ ရတာပါ" လို့ ပြောကြားခဲ့ပါတယ်။ဈေးဆစ်ရတဲ့ ဒုက္ခကင်းဝေး ဈေးဝယ်ခြင်းဆိုတဲ့ ဓလေ့ဟာ လူမျိုးတိုင်းမှာ ရှိတတ်ကြပါတယ်။ ဈေးဝယ်တယ် ဆိုတာဟာ လည်း ကိုယ့်ရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်း ပေးနိုင်ဖို့အတွက် ဝယ်ကြရတာပါ။  "ကျွန်မတို့ အရင်တုန်းကတော့ ဗိုလ်ချုပ်အောင်ဆန်းဈေးတို့ လဟာပြင် ဈေးတို့ သိမ်ကြီးဈေး တို့မှာ ဈေးဝယ်နေ ရတာ။ စူပါမားကက်တွေ မပေါ်ခင်ကပေါ့၊ အဲဒီတုန်းကဆိုရင် ဈေးဆစ်ရတာ သိပ်ဆိုးတာပဲ။ ဈေးဆစ်ပြီး ကိုယ်က မကြိုက်လို့မဝယ်ပြန်ရင်လည်း ဈေး သည်နဲ့ ရန်ဖြစ်ရပြန်ရော။ ဈေးဆစ်တာကိုက နည်းသွားပြန်ရင်လည်း နစ်နာ ပြန်ရော။ အခုတော့ အဲဒီဝဋ်က ကျွတ် သွားပြီ။ စူပါမားကက်တွေ ပေါ်လာ တော့ ဈေးဝယ်ရတာ အဆင်ပြေတာ ပေါ့" လို့ စိန်ဂေဟာစူပါ စင်တာ(လှည်း တန်း) မှာ ဈေးလာဝယ်တဲ့ အိမ်ထောင် ရှင်မ တစ်ဦးက ပြောပြခဲ့ပါ တယ်။ဝန်ဆောင်မှုကောင်းအောင်ကြိုးစား စူပါမားကက်ဆိုတာဟာ ဈေး ဝယ်သူတွေရဲ့ လိုအပ်ချက်တွေ၊ လိုအင် ဆန္ဒတွေကို အကောင်းဆုံး ဖြည့်ဆည်း ပေးနိုင်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဝန် ဆောင်မှုတွေပေးနေတာပါ။ အခုအခါ စူပါမားကက်တွေက ပေးတဲ့ ဝန်ဆောင်မှု တွေကို  မြန်မာလူမျိုးတွေ နှစ်ခြိုက် လာကြ ပါပြီ။ စူပါမားကက်တွေဟာ လည်း မြန်မာ့ဓလေ့ထုံးစံများနဲ့ အံ့ဝင် မှုရှိအောင် အခင်းအကျင်းမှစ၍ အထူး အလေးထား ဆောင်ရွက်လျက်ရှိတာကို တွေ့ရှိလာရပါတယ်။လက်လီရောင်းချရာ နေရာတစ်ခု  ဒါ့အပြင် စူပါမားကက်ဟာ ဈေးဝယ်သူတွေအတွက် လက်လီ ရောင်းချပေးတဲ့ ဈေးဝယ်စင်တာ တစ်ခု လည်း ဖြစ်ပါတယ်။ အဆိုပါ လက်လီ ရောင်းချမှုစနစ်မှာ ရောင်းချမယ့်ကုန် ပစ္စည်းတွေကို ထုတ်လုပ်သူတွေ လက် ထဲမှ ပမာဏများစွာနဲ့ဝယ်ယူပြီး၊ End User(ကိုယ်တိုင်စားသုံးသူ၊ အသုံးပြု သူ) များထံသို့ ပြန်လည်ရောင်းချတဲ့ စနစ် ဖြစ်တဲ့အတွက် ကုန်သွယ်မှုစနစ်ရဲ့ နောက်ဆုံး အဆင့်မှာ အရေးပါတဲ့ အခန်းကဏ္ဍတစ်ရပ်အဖြစ် ပါဝင် လျက်ရှိနေတာကို သိူရှိရပါတယ်။စီးပွားရေး အကျပ်အတည်းနဲ့ စူပါမားကက်  ၂၀၀၉ ခုနှစ်အတွင်းမှာ ဖြစ်ပေါ်ခဲ့ တဲ့ ကမ္ဘာ့စီးပွားရေးအကျပ်အတည်းဟာ ကမ္ဘာ့နိုင်ငံ အသီးသီးကို အနည်းနဲ့ အများ ရိုက်ခတ်ခဲ့ပါတယ်။ အဲဒီရိုက်ခတ်မှု ဒဏ်ကို မြန်မာနိုင်ငံလည်း ခံစားခဲ့ရပါတယ်။ အဲဒီအချိန်မှာ စူပါမားကက်တွေရဲ့ အခြေအနေ တွေဟာ  သိသိသာသာရောင်း အားကျခြင်းမရှိဘဲ ပုံမှန်အတိုင်းသာ ရှိနေတာကိုလည်း တွေ့ရှိခဲ့ရပါတယ်။  ဂမုန်းပွင့် စူပါမားကက်မှ တာဝန်ရှိ သူတစ်ဦးက "ကျွန်မတို့ ဂမုန်းပွင့်စူပါ မားကက်ကတော့ ၂၀၀၉ ခုနှစ်တုန်းက ရောင်းအား သိသိသာသာ ကျဆင်းမှုမ ရှိဘဲ ပုံမှန်အတိုင်း ရောင်းခဲ့ရပါ တယ်"လို့ ပြောပြခဲ့ပါတယ်။ "ကျွန်တော်တို့ စီးတီးမက်မှာတော့ ရောင်းအားက သိပ်မကျခဲ့ပါဘူး။ တကယ်လို့ ရောင်းအား သိသိသာသာ ကျဆင်းခဲ့မယ် ဆိုရင်တော့ ကိုယ်ရောင်း ချနေတဲ့ ကဏ္ဍတိုင်းလိုလိုမှာ စားသုံး သူတွေရဲ့ လိုအပ်ချက်တွေ သိရှိ   အောင် ကြိုးပမ်းရမှာပါ။ ဒါ့အပြင် ဈေးကွက်အနေအထားကို လိုက်ပြီး တော့လည်း ကုန်ပစ္စည်းတွေကို ရောင်း ပေးရပါတယ်။ အရောင်းမြှင့်တင်ခြင်း အစီ အစဉ်တွေ၊ ဈေးနှုန်းလျှော့ချတဲ့ အစီအစဉ်တွေကို လိုအပ်သလို သူ့ နေရာနဲ့သူ စီစဉ်ဆောင်ရွက် ပေးခဲ့ပါ တယ်"လို့ စီးတီးမတ်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့တာပါ။၂၀၁၀ နှစ်သစ်နဲ့ စူပါမားကက် ၂၀၀၉ ခုနှစ်ဆိုတဲ့ နှစ်ဟောင်းကြီး ကတော့ အကျပ်အတည်း၊ အရှုပ် အထွေး၊ လွမ်းမော တမ်းတဖွယ်ရာ များကို ထားရစ်ခဲ့ပြီး နှုတ်ဆက်ထွက် ခွာသွားခဲ့ပါပြီ။ အခုရောက်ရှိနေတဲ့ ၂၀၁၀ နှစ်ဦးကာလ မှာ မြန်မာပြည်သူ တွေရဲ့ ပျော်ရွှင်ချမ်းမြေ့မှုနဲ့ အတူ စူပါမားကက်များဟာလည်း ဈေးရောင်း ပွဲတော်တွေ၊ ဈေးနှုန်းလျှော့ချတဲ့ အစီ အစဉ်တွေနဲ့အတူ နှစ်သစ်ကို ကြိုဆို ခဲ့ကြပါတယ်။ "ကျွန်တော်တို့ စီးတီးမတ်မှာတော့ ပစ္စည်းအမျိုးအစားစုံလင်မှု၊ သန့်ရှင်း လတ်ဆတ်မှု၊ ပစ္စည်းအရည်အသွေး ကောင်းမွန်မှုနဲ့ ဈေးနှုန်းမှန်ကန်မှု စတဲ့ စားသုံးသူများအပေါ်ထားရှိတဲ့ ကတိ (၄)ချက်ကို ဖြည့်ဆည်းနိုင်အောင်ကြိုး စားသွားမှာပါ။ ဒါ့အပြင် လူအများသွား လာမှုရှိတဲ့ နေရာတိုင်းမှာ ဆိုင်ခွဲများဖွင့် လှစ်ခြင်း၊ ဈေးဝယ်သူတွေအတွက် စိတ်ဝင်စားဖွယ် အရောင်း မြှင့်တင်ရေး အစီအစဉ်များ ပြုလုပ်ခြင်း၊ ပွဲတော်ရာ သီများမှာ ပွဲတော်အလိုက် ပစ္စည်းများ ရောင်းချခြင်းနဲ့ Gift Voucher/ Gift Card စတဲ့ စိတ်ဝင်စားဖွယ်ရာ အစီ အစဉ်တွေကို အမြဲပြုလုပ်ပေးခြင်းစတဲ့ အစီအစဉ်တွေနဲ့ ရောင်းအားကို မြှင့်တင်နိုင်ဖို့ ကြိုးပမ်းအားထုတ်သွား မှာပါ"လို့ စီးတီးမတ်မှ တာဝန်ရှိသူ တစ်ဦးက ပြောပြခဲ့ပါတယ်။ "ကျွန်မတို့ ဂမုန်းပွင့်စူပါမားကက် အနေနဲ့ ၂၀၁၀ ခုနှစ်တစ်နှစ်လုံးရောင်း အားပိုကောင်းလာ စေဖို့ Special Discount အစီအစဉ်တွေ၊Weekend Promotion အစီအစဉ်တွေ၊ ရာသီအလိုက် အရောင်းမြှင့်တင်ရေးအစီအစဉ်တွေ၊ ဈေးရောင်းပွဲတော်တွေကျင်းပပြီး ရောင်းအား တက်လာ အောင် လုပ် ဆောင်သွားမှာပါ" လို့  တာဝန်ရှိသူတစ်ဦး ရဲ့ ပြောပြချက်အရ သိရှိရပါတယ်။ အခုအခါမှာတော့ စူပါမားကက် တွေဟာ တစ်နေရာတည်းမှာ လိုချင် တာတွေ အကုန်လုံးရနိုင်တဲ့နေရာ တစ်ခုအဖြစ် ရပ်တည်လာနိုင်ခဲ့ပါပြီ။ စူပါမားကက်များသာမက ရှော့ပင်း မောလ်များအထိ ဖွင့်လှစ်လာနိုင်တာ ကိုလည်း တွေ့ရှိရပါတယ်။ ယခင်က စူပါမားကက်တွေဟာ ရန်ကုန်မြို့ရဲ့ မြို့လယ်ခေါင်အနီးတစ်ဝိုက်မှာသာရှိပေမယ့် အခု အချိန်မှာတော့ ဆင်ခြေဖုံးဒေသ များမှာပါ ဖွင့်လှစ်ရောင်းချလာနိုင်တာ ကို တွေ့ရှိရပါတယ်။အလုပ်အကိုင်အခွင့်အလမ်းနဲ့ စူပါမားကက် စူပါမားကက်တွေကို ရန်ကုန်မြို့၊ မန္တလေးမြို့နဲ့ နေပြည်တော်တို့မှာ နေရာအနှံ့ ဖွင့်လှစ်နိုင်ခဲ့ တာကြောင့် အလုပ်အကိုင်နေရာသစ်များပေါ် ပေါက်လာပြီး အလုပ်လက်မဲ့ ပြဿနာ ကိုပါ တစ်ဖက်တစ်လမ်းက ဖြေရှင်းပေး နိုင်ခဲ့ပါတယ်။ "သမီးက ဒီကမ္ဘာအေးဂမုန်းပွင့်မှာ အလုပ်လုပ်တာပါ။ ဒီကမ္ဘာအေး ဂမုန်းပွင့် ကုန်တိုက်မှာ သမီးတို့လို အရောင်းဝန် ထမ်းပေါင်း ၁၀၀ ကျော်ရှိပါတယ်။ ဒီ စူပါမားကက်ကြီး စဖွင့်ကတည်းက သမီးအလုပ်ဝင်နေတာပါ။ ဒီမှာ မလုပ်ခင်ကဆိုရင် ဟိုဆိုင်မှာ ဝင်လုပ် လိုက် ဒီဆိုင်မှာဝင်လုပ်လိုက်နဲ့ အတည် တကျကိုမရှိဘူး။ အခုဒီမှာ သမီးရော သမီးသူငယ်ချင်းတွေပါလုပ်နေကြတာ။ အားလုံးအဆင်ပြေပါတယ်"လို့ ဂမုန်းပွင့်စူပါမားကက် (ကမ္ဘာအေး)မှ အရောင်းဝန်ထမ်းတစ်ဦးဖြစ်တဲ့ မဖြူဖြူ က ပြောပြခဲ့ပါတယ်။ စူပါမားကက် တွေကြောင့် ပြည်သူ တွေဟာ ဈေးဝယ်ရာမှာ အချိန်ကုန်လူ ပန်းသက်သာသလို အလုပ်လက်မဲ့ ပြဿနာကိုပါ ဖြေရှင်းနိုင်တဲ့အတွက် စူပါမားကက်တွေ ဖြစ်ထွန်းလာမှု ကြောင့် ရရှိလာတဲ့ အကျိုးတရားတွေ ဟာ အများအပြားပါ။ အဲဒီအကျိုးတရား တွေ မဆုတ်ယုတ်စေရေး အတွက် စူပါမားကက်ကြီးများကို တည်ထောင် ထားသူလုပ်ငန်းရှင်ကြီးများအနေနဲ့ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြဖို့ လို အပ်လှပါတယ်။     မယ်သီတာ