Main menu

Background

ပက်ကွီနိုနဲ့ ကလော့တီတို့ ယှဉ်ပြိုင်ထိုးသတ်မည်

Wed, 01/20/2010 - 07:13 -- Anonymous (not verified)

   ဝိတ်တန်း ၅ ခုမှာ ၅ ကြိမ်စလုံး ကမ္ဘာ့ချန်ပီယံဖြစ်ခဲ့တဲ့ ဖိလစ်ပိုင်နိုင်ငံသားပက်ကွီနိုဟာ လာမယ့်မတ်လအတွင်းမှာ ဂါနာနိုင်ငံ သားဂျိုဂူဟာ ကလော့တီနဲ့ ယှဉ်ပြိုင်ထိုးသတ်မှာဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။    ပက်ကွီနိုဟာ သူ့ရဲ့ပြိုင်ဘက်ဖြစ် တဲ့ ဂျင်မီဖလွိုက်မေဝဲသားနဲ့ ယှဉ်ပြိုင် ထိုးသတ်ရန်စီစဉ်ထားပေမယ့် ပျက်ပြယ်ခဲ့ပြီးနောက် ဂါနာ နိုင်ငံသားလက်ဝှေ့အကျော်မော်တစ်ဦးဖြစ်တဲ့ ကလော့တီနဲ့ ယှဉ်ပြိုင်ထိုးသတ်မှာဖြစ်ပါတယ်။ သူတို့နှစ်ယောက်ရဲ့ပွဲကို မတ်လ ၁၃ ရက်နေ့မှာ ကျင်းပဖို့စီစဉ်လျက်ရှိပြီး ဒါလပ်စ်မြို့ရဲ့ ကောင်းဘွိုင်စတေဒီယံမှာ ကျင်းပမှာဖြစ်ပါတယ်။   အသက် ၃၂ နှစ်ရှိပြီဖြစ်တဲ့ ကလော့တီဟာ လွန်ခဲ့တဲ့နှစ် ဇွန်လက ပက်ကွီနိုနဲ့ ထိုးသတ်ဖို့ ရည်ရွယ်ခဲ့ပေမဲ့ ပျက်ပြယ်ခဲ့ရပါတယ်။ သူဟာနိုင်ပွဲ ၃၅ ပွဲရှိပြီး သရေပွဲ ၃ ပွဲနဲ့ ရှုံးပွဲလုံးဝမရှိသေးတဲ့ စံချိန်ကိုတင်ထားသူလည်း ဖြစ်ပါတယ်။ နိုင်ပွဲ ၃၅ ပွဲမှာ ပွဲ ၂ဝ ဟာ အလဲထိုးပြီးအနိုင်ယူခဲ့တဲ့ ပွဲစဉ်တွေဖြစ်တယ်လို့ ဆိုပါတယ်။