Main menu

Background

ပခုက္ကူ စားသုံးဆီဈေးအေး

Tue, 02/02/2010 - 05:31 -- Anonymous (not verified)

    ပခုက္ကူနယ်တစ်ဝိုက်က ဆောင်းနှမ်း (နှမ်းကြီး)တွေ လှိုင်လှိုင် ပေါ်ပါပြီ။ စတင်စိုက်ပျိုးချိန် တော်သလင်းလက အပင်ငယ်ချိန်မှာ မိုးမိ ခဲ့လို့ အထွက်နှုန်းလျော့တယ်လို့ သိရပါတယ်။ လက်ရှိနှမ်းတွေကတော့ နှမ်း နက်က လဆန်းမှာ ၂၆၆ဝဝ ကျပ်၊ ၂၇ဝဝဝ ကျပ်ရှိခဲ့ပေ မယ့် ယခု ၂၃၅ဝဝ ကျပ်၊ နှမ်းညိုက ၂၂၅ဝဝ ကျပ်ဈေးရှိ ပါတယ်။ နှမ်းဈေးအေးပြီး အဆင်းဘက် မှာရှိနေပါတယ်။ စားသုံးဆီဈေးတွေမှာ နှမ်းဆီအသန့်က တစ်ပိဿာ ၂၈ဝဝ ကျပ်၊ မြေပဲဆီသန့်က ၂၉၅ဝ ကျပ် ဈေးနဲ့ နှမ်း၊ မြေပဲ ရိုးရိုးဆီတွေက တစ် ပိဿာ ၂၅ဝဝ ကျပ် ဈေးတွေရှိပါတယ်။ စားအုန်းဆီ (ကန်ဆီ) တစ်ပိဿာ ၁၉၂ဝ ကျပ်ဖြစ်ပြီး ရှေ့လဆောင်းအကုန် တပေါင်းလများမှာ စားအုန်းဆီ ဈေးကွက် ပြန်လည်တွင် ကျယ်လာအုန်းမှာ ဖြစ်ပါတယ်။                                                                                                                         သက်ကြီးပု