Main menu

Background

ပထမပုဂ္ဂလိကဘဏ်မှ ချေးငွေ ကျပ်သိန်း ၂ဝဝဝဝဝကျော် ထုတ်ချေး

Thu, 01/14/2010 - 02:36 -- Anonymous (not verified)

    ၁၉၉၂ခုနှစ်က စတင်တည် ထောင်ဖွဲ့စည်းခဲ့သော ပထမပုဂ္ဂလိက ဘဏ်မှ ၂ဝဝ၈-၂ဝဝ၉ဘဏ္ဍာနှစ် အတွင်းချေးငွေကျပ်သိန်း ၂ဝဝဝဝဝ ကျော်ထုတ်ချေးခဲ့ကြောင်း (၁၈)ကြိမ် မြောက် နှစ်ပတ်လည်အစည်းအဝေးမှ သိရသည်။   ယင်းချေးငွေများကို ကဏ္ဍ(၅)ခု တွင်ထုတ်ချေးခဲ့ရာ ကုန်ထုတ်မှုကဏ္ဍအတွက်ကျပ်သိန်း၇၈၁၅ဝကျော်ကို လည်းကောင်း၊ စက်မှု လက်မှုလုပ်ငန်းများအတွက် ကျပ်သိန်း ၃၁ဝ၇၃ ကျော်ကိုလည်းကောင်း၊ ကုန်သွယ်မှုလုပ်ငန်းများအတွက်ကျပ်သိန်း ၁၂၄၉၈ဝ ကျော်ကိုလည်းကောင်း၊ ဝန်ဆောင်မှုလုပ်ငန်းများအတွက် ကျပ် သိန်း ၄၂၇၆၄ကျော်ကို လည်းကောင်း၊အခြားလုပ်ငန်း များအတွက် ကျပ်သိန်း ၄၇ဝ၇၆ကျော်ကို လည်းကောင်း ထုတ်ချေးခဲ့သည်ဟုဆိုသည်။      အဆိုပါဘဏ်အနေဖြင့် ၂ဝဝ၇-၂ဝဝ၈ ဘဏ္ဍာနှစ်က ကျပ်သိန်း ၂၃ဝ၆၈ဝ ကျော်ထုတ်ချေးခဲ့ကြောင်း သိရသည်။