Main menu

Background

ပန်းလိုရင် အပင်ကို ပျိုးပါ

Tue, 01/19/2010 - 08:24 -- Anonymous (not verified)

    ပြင်ဦးလွင် ပန်းမန်ဇုန်မှာ ဂန္ဓမာပန်း၊ သစ္စာပန်း၊ မေမြို့ပန်း၊ ပန်းတိမ်ငိုပန်းများ စိုက်ပျိုးထွက်ပေါ်ပြီးတဲ့ နောက်ပိုင်း တရုတ်နိုင်ငံမှ မျိုးဝယ်ယူပြီး စိုက်ပျိုးအောင်မြင်နေတဲ့ စီးပွားရေးတွက်ခြေကိုက်မဲ့ လီလီပန်း၊ ကာနေးရှင်းပန်းတွေကို အများအပြား စိုက်ပျိုးလာကြ ပါပြီ၊ စိုက်ပျိုးဖြစ်ထွန်းပြီး ကျေနပ်ပီတိဖြစ်နေတဲ့ ပန်းဥယျာဉ်မှူး ဒေါ်ခင်မာတင့်နဲ့ သွားရောက်တွေ့ဆုံခဲ့ရာမှာ '' ကျွန်မ အခု စိုက် ထားတဲ့ လီလီပန်းနဲ့ ကာနေးရှင်းပန်းဥတွေကို တရုတ်နိုင်ငံက ဇူလိုင်လတုန်းက မှာယူခဲ့ပါတယ်။ ပန်းဥတစ်ဥကို ၇ဝဝ ကျပ်နဲ့ လီလီပန်းဥမျိုး ၅ဝဝဝ၊ ကာနေးရှင်းပန်းဥမျိုး ၁ဝဝဝဝ မှာယူပြီး၊ အောက်တိုဘာလက စစိုက်ပျိုးခဲ့ရာ အခုဆိုရင် တော်တော်လေး အောင်မြင် ဖြစ်ထွန်းနေပါပြီ။ ၂ဝ၁ဝ ခု မတ်လဆို ပန်းတွေစပွင့်မှာ ဖြစ်ပါတယ်။ စိုက်ပျိုးကုန်ကျစရိတ်က သိန်း ၁၃ဝ ကျော် ပါတယ်။ စိုက်ပျိုးတဲ့အခါမှာလည်း သမားရိုးကျ စိုက်ပျိုးတာမဟုတ်ဘဲ၊ Green house  တွေနဲ့ စိုက်ပျိုးရတာပါ။ Green house  တစ်လုံးကို အလျားပေ ၆ဝ၊ အနံ ၁၂ ပေ၊ အမြင့် ၈ ပေနဲ့ ၆လုံးဆောက်ခဲ့ရပါတယ်။ မတ်လဟာ ပန်းရှားတဲ့ ကာလဖြစ်လို့ တစ်ပင်ကို ၁၅ဝဝ ကျပ် ဝန်းကျင်ရမယ်လို့ ခန့်မှန်းထားပါတယ်။ လီလီပန်းမျိုးဥနဲ့ ကာနေးရှင်းပန်းမျိုးဥတွေက ရှေ့နှစ်မှာ ဝယ်စရာ မလိုတော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အခုစိုက်ထားတဲ့ ပန်းမျိုးဥတွေက ပွားများလာမှာဖြစ်တဲ့အတွက် မျိုးဥကို စနစ်တကျ စုဆောင်း သိုလှောင်ထားပြီး မျိုးဥတွေကိုလည်း ဖြန့်ပေးမှာပါ။ သုံးစွဲသူတွေများလာရင် တခြားသူတွေကိုလည်း ပညာပေးပြီး၊ ပြင်ဦးလွင် ပန်းမန်ဇုန်မှာ ကြီးမားကျယ်ပြန့်တဲ့ စိုက်ကွင်းတွေရှာဖွေပြီး နိုင်ငံခြားကို ယှဉ်ပြိုင်ဈေးကွက်ထိုးဖောက်ပြီး တင်ပို့ရောင်း ချဖို့ စီစဉ်ထားပါတယ်''လို့ ဥယျာဉ်မှူးက ပြောပါတယ်။  ပြင်ဦးလွင်ပန်းမန်ဇုန်မှာ သမားရိုးကျစိုက်တဲ့ ပန်းတွေအပြင် စီးပွားရေး တွက်ခြေကိုက်တဲ့ လီလီပန်း၊ ကာနေးရှင်းပန်းတွေကို တစ်ချိန်ချိန်မှာ ကြီးမားကျယ်ပြန့်တဲ့ စိုက်ကွင်းတွေ တိုးခဲျ့စိုက်ပြီး နိုင်ငံခြားကို တင်ပို့မဲ့ ရည်ရွယ်ချက်တွေနဲ့ ဒီနေ့အကောင်အထည်ဖော်နေပါပြီ။ ဒါပေမဲ့ ပြုစုပျိုးထောင်စိုက်ပျိုးကြမဲ့ သူများကတော့ ဇွဲရှိရှိနဲ့  ပျိုးထောင်စိုက်ပျိုးကြဖို့ လိုအပ်ကြောင်းကို ပန်းလိုရင်အပင်ကိုပျိုးပါလို့ အသိပေးလိုက်ပါတယ်။        ကျော်ဦး