Main menu

Background

ပုသိမ်မှာ သွင်းအားစုဈေး အနည်းငယ်တတ်

Sat, 10/03/2009 - 05:09 -- cjadmin

ပုသိမ်ဓာတ်မြေသြဇာ ဈေးကွက်သို့ ရန်ကုန်မှ ဓါတ်ပြေသြဇာမျိုးစုံကို ဝင်ရောက်လျက်ရှိပါသည်။မိုးစပါး စိုက်ပျိုးရာသီဖြစ်လို့လည်း ယခင်ကထက် အရောင်းအဝယ် အနည်းငယ်သွက်လက်နေပါတယ်။ ပုသိမ်ဈေးကွက်တွင် ဖြန့်ဖြူးနေသော ဓါတ်မြေသြဇာများသည် တရုတ်နိုင်ငံက တင်သွင်းပြီး ဘုရင့်နောင်ပွဲရုံများကတဆင့် ပုသိမ်ဈေးကွက်က ဖြန့်ဖြူးတာ ဖြစ်ပါတယ်။  ဓါတ်မြေသြဇာနှုန်းကလဲ နိုင်ငံခြားငွေဈေးပြောင်းလဲမှုနှင့် အဓိက သက်ဆိုင်ပါတယ်။ ပုသိမ် ဓါတ်မြေသြဇာဆိုင်များကလည်း မိမ်တို့ဖောက်သည်များထဲက ရင်းနှိးတဲ့ တောင်သူများကို လက်ငင်းတဝက်ဈေးပေးချေပြီး ကျန်တဝက်ကို စပါးပေါ်ချိန်မှာ သင့်တင့်တဲ့ ဈေးနဲ့ ပေးချေစေတဲ့အရောင်းစနစ်နဲ့လည်းရောင်းချကြတယ်လို့ သိရပါတယ်။