Main menu

Background

ပဲစင်းငုံအပေါ် တောင်သူမျှော်လင့်ချက်

Fri, 01/29/2010 - 06:45 -- Anonymous (not verified)

      ယခုတစ်ပတ်အတွင်း ပခုက္ကူ ပဲစင်းငုံနီဈေးက တစ်တင်းကို ၂၈ဝဝဝ ကျပ်ပတ်ဝန်းကျင်မှာဘဲ တက်နဲနဲ၊ ကျနဲနဲနဲ့သွားနေခဲ့ပါတယ်။ အဝင်လည်းများလာသလို ဒိုင်မှာအရောင်းအဝယ်ဖြစ်မှုလည်းတိုးလာပါတယ်။ အနယ်နယ်အရပ်ရပ်တောင်သူအများစုကို မေးကြည့် တော့ ဒီနှစ်ပဲစင်းငုံအထွက် နှစ်တိုင်းနဲ့ယှဉ်ရင် တော်တော်နည်းတယ်လို့သိရပါတယ်။ ကုလားပဲဖြူလုံးကြီးလည်း အသစ်စဝင်လာပါပြီ၊ ၁၉ဝဝဝ ကျပ်ဈေးဖြစ်ပြီး လှောင်လက်   V2 အဟောင်းက ၁၈၉ဝဝ ကျပ်ဈေးရှိပါတယ်။     ပဲစင်းငုံ အဝင်များလာတယ်ဆိုပေမယ့်လည်း နှစ်တိုင်းဝင်သလောက်တော့ မဝင်သေးပါဘူး၊ နေ့စဉ်လည်း ရွာကလာတဲ့ကားတွေက မြို့အဝင်မှာ ပဲစင်းငုံအိတ်တွေပါပြီး ညနေအပြန်မှာတော့ ထုံးစံအတိုင်း ဆန်အိတ်တွေ ဝယ်တင်သွားပါတယ်။ ဒီနှစ်ထူးခြားချက်က နှစ်တိုင်း ထွက်သမျှပဲစင်းငုံကို အကုန်တင်လာရောင်းချပြီး ဆန်ကိုနှစ်ပေါက်စာဝယ်တတ်ပေမယ့် ဒီနှစ်တော့ ဆန်သုံးလစာလောက် ဝယ်ရမယ့်ပဲကိုပဲ ခွဲတင်လာပြီး အိမ်မှာပဲစင်းငုံတွေ ချန်ထားခဲ့သေးတယ်လို့သိရပါတယ်။ ဆန်တစ်အိတ်က ၄-၅-၆ လနေမှ ၂ဝဝဝ ကျပ်မှ ၃ဝဝဝ  ကျပ် တက်ဝယ်ချင်ဝယ်ရမယ်။ ပဲစင်းငုံဈေးက မနှစ်ကဆို ဈေးငုတ်တစ်တင်း ၁ဝဝဝဝ ကျပ်မှ နောက်ဆုံး ၄ဝဝဝဝ ကျပ်အထိ လေးဆလောက်တက်တော့ ဒီနှစ်ပဲစင်းငုံဈေးကောင်းကို တောင်သူများကပါမျှော်လင့်နေကြကြောင်းသိရပါတယ်။ သတင်း အချက်အလက်နဲ့ လမ်းပန်းဆက်သွယ်ရေးတွေကောင်းလာတော့ တောင်သူတွေလည်း မျက်စိပွင့်၊ နားပွင့် အမြင်တွေကျယ်လာကြတာ တွေ့ရကြောင်းပါ။