Main menu

Background

ပဲပုပ်ဈေးကွက်

Mon, 01/18/2010 - 08:13 -- Anonymous (not verified)

        ရှမ်းပြည်နယ်တောင်ပိုင်းရဲ့ ပဲပုပ်ဈေးကွက်ကတော့ အရောင်း အဝယ်ပုံမှန်ဖြစ်နေပါတယ်။ ဒီတစ်ပတ် မှာ ပဲပုပ် (လုံးကြီးသန့်)က တစ်ပိဿာ ၇ဝဝ ကျပ်၊ ဒုတိယတန်းစား ပဲပုပ်သန့် က ၆၅ဝ ကျပ်ဈေးရှိပါတယ်။ ပဲပုပ်အညံ့ကတော့  ဒေသတွင်းမှာ ကုန် လောက်ရှိနေပါပြီ။ ဒီတစ်ပတ်မှာတော့ ပဲပုပ် (လုံးကြီးသန့်)ကို ပိဿာချိန် သုံးသောင်းခန့် အရောင်းအဝယ် ဖြစ်ခဲ့ပါတယ်။ ဒုတိယ တန်းစား ပဲပုပ်သန့်ကို ဒေသတွင်းဆီစက်များမှ ဆီကြိတ်ရန်အတွက်ဝယ်ယူပြီး၊ ပဲပုပ်ဆီ တစ်ပိဿာကို      ၂ဝဝဝ ကျပ်၊ ပဲပုပ်ကြိတ်ဖတ် တစ်ပိဿာကို ၆၈ဝ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေတယ်လို့ ကုန်သည်များထံမှ သိရှိရပါ တယ်။