Main menu

Background

ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း တိုင်းရုံးများ ဖွင့်လှစ်ရန်စီစဉ်နေ

Tue, 01/19/2010 - 05:55 -- Anonymous (not verified)

   UMFCCI ရဲ့ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းက မန္တလေး၊ စစ်ကိုင်း၊ ဧရာဝတီ၊ ပဲခူး(အရှေ့)၊ပဲခူး(အနောက်)တို့တွင် ပဲမျိုးစုံနှင့်နှမ်းကုန်သည်များအသင်း တိုင်းရုံးများဖွင့်လှစ်ရန် စီစဉ်နေကြောင်း သိရပါတယ်။    အဆိုပါ အသင်းတိုင်းရုံးများ ဖွင့်လှစ်ခြင်းဖြင့် တောင်သူတွေအနေနဲ့ စိုက်ပိုျးရေးလုပ်ငန်း၊ ရောင်းဝယ် ဖောက်ကား ရေးလုပ်ငန်း တွေမှာ အချိန်နဲ့တစ်ပြေးညီ သတင်းတွေရရှိလာနိုင်မှာ ဖြစ်ပြီး၊ အဆိုပါ သတင်းတွေရတဲ့ အတွက် မိမိစိုက်ပိုျး ထုတ်လုပ်တဲ့ သီးနံှ အပေါ်မှာလည်းကောင်း၊ ဈေးကွက်အနေအထားပေါ်မှာလည်းကောင်း တစ်ဆင့် စကားကြားပြီး မှန်းဆပြီး လုပ်နေရတဲ့ အနေ အထားမှနေ၍ ယခုလို တိကျသေချာတဲ့ သတင်းတွေ ကို မြန်မြန်ဆန်ဆန်ရရှိလာမှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်း ကုန်သည်များအသင်းမှ တာဝန်ရှိသူ တစ်ဦးကပြော ပါတယ်။    ယင်းတိုင်းရုံးများ ဖွင့်လှစ်ချိန်မှာ တောင်သူများအားအသီးနံှနဲ့ ပတ်သက်တဲ့ပညာပေးဟောပြောပွဲများကိုပါ တစ်ပြိုင်တည်း ပြုလုပ်သွားမယ်လို့ သိရပါတယ်။ အဆိုပါ ပညာပေးဟော ပြောပွဲတွင် မြန်မာ့စိုက်ပိုျးရေးလုပ်ငန်း၊ သီးနံှကာကွယ်ရေးဌာနစုမှ ပညာရှင်များနဲ့ မြန်မာလယ်ယာထွက်ကုန် ပစ္စည်းရောင်းဝယ်ရေး PTAC မှပညာ ရှင်များက စိုက်ပိုျး ထုတ်လုပ်သူ တောင် သူများ အား မျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ပိုျးရေး၊ နည်းစနစ်မှန်စွာ မြေသြဇာနှင့် ပိုးသတ်ဆေးများစနစ် တကျသုံးစွဲရေး၊ ထွက်ရှိလာ သောသီးနံှ များအား စနစ်တကျ သိုလှောင် ထိန်းသိမ်းရေး စတာတွေကို ပညာပေး ဟောပြောမှာဖြစ်သလို တောင်သူများ အား သီးနံှနှင့်ပတ်သက်တဲ့ လက်ကမ်းစာစောင်များပါ ဖြန့်ဝေပေးသွားမယ့် အစီအစဉ်တွေရှိကြောင်း အဆိုပါ ပုဂ္ဂိုလ်ကပဲ ထပ်မံပြော ကြားပါတယ်။