Main menu

Background

ပြည်တွင်းစားအုန်းဆီ ဈေးဆက်လက်ငြိမ်နေ

Mon, 01/18/2010 - 07:05 -- Anonymous (not verified)

      ပြည်တွင်းစားအုန်းဆီဈေး ဆက်လက်တည်ငြိမ်နေပြီး ဘဏ်သွင်းဈေးမှာလည်း အပြောင်းအလဲမရှိကြောင်း ဈေးကွက်အတွင်းမှ သိရပါတယ်။ ဘဏ်သွင်းဈေးကတော့ တစ်ပိဿာ ၁၄၉၇ ကျပ်ဈေးရှိနေပြီး မြို့တွင်း ၂၃ မြို့နယ်က ကိုယ်စားလှယ်  ဈေး၊ ရောင်းဈေးက ၁၅၂၇ ကျပ်ဖြစ်ပါတယ်။ မြို့ပြင်ကိုယ်စားလှယ်ရောင်းဈေးက ၁၅၃၇ ကျပ်နှုန်းရှိပါတယ်။    ပြင်ပစားအုန်းဆီ လက်ကားဈေးကတော့ တစ်ပိဿာ ၁၈ဝဝ ကျပ် ဝန်းကျင်ဖြစ်နေပြီး လက်လီဈေးကွက်မှာတော့ ၁၉ဝဝ ကျပ် ကနေ ၂ဝဝဝ ကျပ်အထိ ရောင်းချနေကြပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက ဆီကန်တွေ ရုံးပိတ်ရက် သုံးရက်ဆက်ပိတ်လို့ အဲဒီရက် နောက်ပိုင်းမှာ အတက်အကျ အပြောင်းအလဲ အနည်းငယ်ရှိခဲ့ပါတယ်။ လတ်တလော ဈေးကွက်မှာတော့ စားအုန်းဆီ ဈေးငြိမ် နေတယ်လို့ဆိုပါတယ်။